ကံဆိုးခြင်းတွေကင်းဝေးပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့ အလင်းရောင်အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/40/409a79152479c36228dcf8bb059f68e0a1678c57.jpg
အနုပညာရှင်များ

 ၂၂-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေသလို ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ မင်းသားချောအလင်းရောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေမှာ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့ အလင်းရောင်ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာလည်း ပါဝင်လာတာလည်း တွေ့ရပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

ဒီကနေ့မှာမွေးနေ့ကျရောက်တဲ့ အလင်းရောင်အတွက် ပရိသတ်တွေကမွေးနေ့ဆုတောင်းပေးထားကြသလို အနုပညာမောင်နှမဖြစ်တဲ့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလည်း မွေးနေ့ဆုတောင်းစကားလေးပြောထားတာ တွေ့ရပါတယ်..။

ကံဆိုးခြင်းတွေကင်းဝေးပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့နဲ့ လွတ်လပ်ပေါ့ပါးစွာ ပျော်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"Happy Birthday မောင်လေး

ဒီနှစ်မွေးနေ့မှစလို့ ကံဆိုးခြင်းတွေ အကုန်ကုန်ပြီးအန္တရာယ်ကင်းဘေးရှင်းပါစေ

ဟိုအရင်လို လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာနေနိုင်ပါစေ?.." ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ပြည်သူတွေနဲ့အတူ အမြဲရပ်တည်ပေးနေတဲ့ မင်းသားချောအလင်းရောင်အတွက် မွေးနေ့ဆုတောင်းစကားတွေလည်း အသီးသီးပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T