ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် နဂါးစာကျွေးရင်း ခုနှစ်ရက်သားသမီးများအတွက် ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/99/997301fdca561e7a0607aa738682e8e7235508cf.jpeg
အနုပညာရှင်များ

 ၂၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခိုင်နှင်းဝေကတော့  အနုပညာလောကတွင်  ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဆယ်စုနှစ်ကျော်တိုင်အောင်  အောင်မြင်မှုတွေ ရရှိထားသူ  ဖြစ်ပါတယ်။  သူမကတော့  လက်ရှိမှာ  ပရဟိတလုပ်ငန်းတွေကို  တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကိုတည်ထောင်ထားပြီး  လူမမယ်ကလေးများကို နွေးထွေးတဲ့ မေတ္တာများဖြင့်  ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Account 

သူမကတော့  လတ်တလောမှာတော့  ရခိုင်ပြည်နယ်သို့  အဓိဌာန်ဝင်ရန်  ရောက်ရှိနေတာ  ဖြစ်ပါတယ်။  သူမရောက်ရှိနေစဉ်အတွင်းမှာလည်း  ရခိုင်ပြည်နယ်မှာရှိတဲ့  နေရာအချို့ကို ကိုယ်တိုင်သွားရောက်ပြီး  အလှူအတန်းတွေ တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခုလို ကုသိုလ်ကောင်းမှု​တွေ  အမြဲလုပ်ဆောင်နေသူဖြစ်တာကြောင့်  ပရိသတ်တွေက အရင်ကထက်ပိုပြီး ချစ်ခင်နေကြတာ  ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင်  နဂါးစာကျွေးရင်း ခုနှစ်ရက်သားသမီးများအတွက် ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာ  ဖြစ်ပါတယ်။  သူမကလည်း " ဘောဂဝတီ နဂါးပြည်မှ နဂါးမင်းကြီး၊ နဂါးမယ်တော် နှင့် နဂါးသူ ၊နဂါးသားတို့အား နို့၊ ပေါက်ပေါက်၊ကြက်ဥ၊ထောပတ်၊ပျားရည်၊ ဌက်ပျောသီး၊ နှင်းဆီပန်း တို့နှင့် အတူ နဂါးစာကျွေးရင်း ခုနှစ်ရက် သားသမီးတို့အား မေတ္တာပို့သခဲ့ပါတယ်ရှင်...???...." ဆိုပြီး ရေးသားထားတာ ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Account 

Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Photo Crd-Khine Hnin Wai’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T