သရုပ်ဆောင်  ဇင်ဝိုင်းကတော့  လက်ရှိ မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  အင်တိုက်အားတိုက်  ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။  နေ့စဉ် လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်တွေကိုထုတ်ဖော်ခဲ့တာကြောင့် လွန်ခဲ့တဲ့  ရက်ပိုင်းလောက်က သူ့ရဲ့ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ  ဖြစ်ပါတယ်။  ဦးဇင်ဝိုင်းဟာ ၅၀၅ (က) ဖြင့်တရားစွဲဆိုမခံရသေးဘဲ ဖမ်းဆီးခံရတာပါ။

Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 

ပရိသတ်တွေကတော့ သူ့ရဲ့ ကျန်းမာရေးအတွက်  စိုးရိမ်ပူပန်နေကြတာ  ဖြစ်ပါတယ်။  လတ်တလောမှာလည်း ဦးဇင်ဝိုင်း ပြန်လွတ်လာပြီဆိုပြီး ကောလဟာလသတင်းတွေ  ပြန့်နှံ့နေတာ ဖြစ်ပါတယ်။  သူ့ရဲ့မြေးဖြစ်သူ  လေပြေသွေးက မကြာသေးခင်နာရီပိုင်းလောက်က  လူမှုကွန်ယက်စာမျက်နှာတွင်  ဒီကိစ္စနဲ့ ပတ်သက်ပြီး  ပြန်လည်ရေးသား ဖြေရှင်းလာတာ  ဖြစ်ပါတယ်။

Photo Crd-Htay Lwin’s Facebook Account 
Photo Crd-Htay Lwin’s Facebook Account 

လေပြေသွေးကတော့ " အဘိုးနဲ့အဆက်သွယ်လည်းမရပါဘူး အဘိုးလွတ်လည်းမလွတ်သေးပါဘူး 

တစ်ရက်နဲ့တစ်ရက်အကုသိုလ်များလိုက်တာ 😡 "ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်မှာလည်း ဦးဇင်ဝိုင်းအမြန်ဆုံး လွတ်မြောက်ပါစေလို့ ပရိသတ်တွေက ဆုတောင်းပေးထားကြတာဖြစ်ပါတယ်။  အားလုံးလည်းသိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Lay Pyay Thway‘s and Htay Lwin’s  Facebook Account 

Photo Crd-Lay Pyay Thway‘s Facebook Account 
Photo Crd-Lay Pyay Thway‘s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။