သီလရှင်ဆရာလေးတွေအတွက် ဆန်၊ ဆီနဲ့ အလှူငွေတွေအပြင် လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/9c/9c69736bdf238da752c74414cbc91f11f36051d1.jpg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အကယ်ဒမီထူးချွန်ဆုတွေကို ဆွတ်ခူးရရှိထားကာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် အခိုင်အမာရပ်တည်နေတဲ့ မင်းသားကြီးဝေဠုကျော်ကတော့ လက်ရှိမှာလည်း ပရဟိအလုပ်တွေနဲ့ လိုအပ်နေသူတွေကို ဖေးမကူညီနေတာ ဖြစ်ပါတယ်..။

ဝေဠုကျော်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အမြဲကူညီတတ်တဲ့ ဝေဠုကျော်ကတော့ လှူဒါန်းမှုတွေကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကအဖွဲ့သားတွေနဲ့အတူ ဒီကနေ့ဧပြီလ ၂၁ရက်နေ့မှာလည်း သီလရှင်ဆရာလေးတွေအတွက် ဆန်၊ ဆီနဲ့ အလှူငွေတွေအပြင် လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

ရွှေပြည်သာမြို့နယ်ရှိ အေးရိပ်မြိုင် သီလရှင်ကျောင်းမှာ အလှူရှင်တွေကိုယ်စား ဆန်၊ ဆီ၊ ကြက်သွန်နဲ့ အခြားစားသောက်ကုန်တွေကို လှူဒါန်းခဲ့တဲ့အပြင် အလှူငွေ(၅)သောင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"21-4-2021

သီလရှင်ဆရာလေးများသို့ အလှူ

အလှူရှင်များကိုယ်စား

ဝေဠုကျော်ဖောင်ဒေးရှင်း မှ

ရွှေပြည်သာမြို့နယ်ရှိ အေးရိပ်မြိုင် သီလရှင်ကျောင်းသို့

ဆန် ၂အိတ်

နေကြာဆီ ၅ပိဿာ

ကုလားပဲ ၃ပြည်

ကြက်သွန်နီ ၅ပိဿာ

ကြာဇံ၊ နနွန်းမှုန့်၊ ဟင်းချက်စရာ အခြောက်အခြမ်းများ

နှင့် အလှူငွေ ၅သောင်း ကျပ်တို့ကို လှူဒါန်းပေးခဲ့ပါတယ်။

အလှူရှင်များမှာ

ထိုင်းရောက် လူငယ်မောင်မယ်များရဲ့

ရွှေရောင်အနာဂတ် ပန်းပျိုးလက် အဖွဲ့ ဖြစ်ပါတယ်။

အလှူရှင်များအား ကျေးဇူးတင်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုကာ အလှူရှင်တွေရဲ့လှူဒါန်းမှုတွေနဲ့အတူ အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။

လိုအပ်နေတဲ့နေရာတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လှူဒါန်းမှုတွေ လိုက်လံပြုလုပ်နေတဲ့ ဝေဠုကျော်ရဲ့ ကုသိုလ်အလှူတွေကိုလည်း ပရိသတ်တွေက နှစ်သက်သဘောကျတဲ့အကြောင်းတွေ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T