အဆိုတော် ရေဗက္ကာဝင်းကတော့  ချိုသာတဲ့ အသံအေးအေးလေးနဲ့ သီချင်းပေါင်းများစွာကို  သီဆိုသူတစ်ဦး ဖြစ်ပါတယ်။  ရေဗက္ကာရဲ့ သီချင်းဟောင်းတွေကိုလည်း  ပရိသတ်တွေက ယနေ့ချိန်ထိ  အားပေးနားဆင်နေကြဆဲ  ဖြစ်ပါတယ်။  သူမကတော့ အလှူအတန်းမှာလည်း လက်မနှေးတတ်သူဖြစ်ပြီး ငွေအား၊ လူအားများဖြင့် လှူဒါန်းနေသူ ဖြစ်ပါတယ်။

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 

လတ်တလောမှာ စားဝတ်နေရေးခက်ခဲနေကြသော  ပြည်သူတွေအတွက်  ချစ်ခင်ရတဲ့ မိတ်ဆွေများနဲ့ ပူးပေါင်းကာ  လိုအပ်တဲ့နေရာတိုင်းကို သွားရောက်ကူညီထောက်ပံ့ပေးနေတာ  ဖြစ်ပါတယ်။  သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း  အမြဲဝေမျှပေးလျက်ရှိပြီး  မနေ့ညကလည်း ရေဗက္ကာဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လက်ရှိခံစားနေရတဲ့ အကြောင်းတွေကို ရေးသားထားတာ  ဖြစ်ပါတယ်။

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 

ဒါကတော့ သူမရဲ့ဘဝမှာ နောင်တအရဆုံး အဖြစ်အပျက်တစ်ခုအား ရင်ဖွင့်ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ " ဘဝမှာနောင်တအရဆုံးအဖြစ်အပျက်ကတော့ အသက်၃၅နှစ်အရွယ်ထိ ဘာတစ်ခုမှ အောင်မြင်ဖြစ်မြောက်အောင်မလုပ်နိုင်သေးတာပဲ" ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ရေဗက္ကာဝင်းကို အားပေးစကားများဖြင့် နှစ်သိမ့်ပေးနေကြတာပါ။ အားလုံးလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Rebecca Win’s Facebook Account 

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။