ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်းမှာ ဇာတ်ကားတွေများစွာနဲ့ အောင်မြင်မှုတွေအပြည့်အဝရရှိထားသလို ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ ဝါရင့်သရုပ်ဆောင်အကယ်ဒမီမင်းသားကြီး ဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေပေးဝေလှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw's Foundation's Fb Page
Photo Credit - Wai Lu Kyaw's Foundation's Fb Page

ပြည်သူတွေအတွကက် တတ်နိုင်သလောက်ဖေးမကူညီနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ကြွက်သားဆုံးရှုံးနေတဲ့ ညီအစ်ကိုနှစ်ယောက်အတွက်လည်း လစဉ်လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဖခင်ဖြစ်သူက အိမ်ကနှင်ချတာကြောင့် မိခင်ဖြစ်သူနဲ့အတူ အိမ်ဌားနေကာ စားဝတ်နေရေးခက်ခဲနေတာဖြစ်ပြီး တစ်ကိုယ်ရေးသန့်ရှင်းမှုနဲ့ နေထိုင်စားသောက်မှုတွေကို အခြားသူကလုပ်ပေးနေရတဲ့ ရောဂါသည်ညီအစ်ကို နှစ်ယောက်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..

Photo Credit - Wai Lu Kyaw's Foundation's Fb Page
Photo Credit - Wai Lu Kyaw's Foundation's Fb Page
Photo Credit - Wai Lu Kyaw's Foundation's Fb Page

"20-4-2021

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

လစဉ် ထောက်ပံ့ပေးနေသော မန္တလေးမှ ကြွက်သားဆုံးရှုံး

သည့်ရောဂါသည် ညီအကို ၂ယောက်အတွက် အလှူငွေ ၅သောင်း ကို ပေးပို့ ထောက်ပံ့ ပေးလိုက်ပါတယ်။

ဖခင်က အိမ်မှနှင်ချသဖြင့် မိခင် ၊ညီမတို့နှင့်အတူ အိမ်ငှားနေကာ စားဝတ်နေရေးခက်ခဲနေရှာတာပါ။

ပျောက်ကင်းအောင်မကုသနိုင်တဲ့ ရောဂါသည် ညီအကို တို့မှာ တစ်ကိုယ်ရည်သန့်ရှင်းရေး ၊ စားသောက်နေထိုင်မှုတို့ကိုတောင် အခြားလူက ကူပေးမှ အဆင်ပြေနိုင်ကြတာပါ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး လှူဒါန်းမှုကို အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw's Foundation's Fb Page
Photo Credit - Wai Lu Kyaw's Foundation's Fb Page

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။