ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအထိုက်အလျောက်ရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော သန္တာဗိုလ်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေသူပါပဲ..။

ယုံကြည်ချက်နဲ့အနာဂတ်အတွက် ပြည်သူတွေအားလုံးကြိုးစားနေကြတဲ့အချိန်မှာလည်း သန္တာဗိုလ်ကလည်း လိုအပ်နေတဲ့ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီမှုတွေနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc

လက်ရှိအခြေအနေတွေမှာ ၅၀၅ က နဲ့ အရေးယူဖမ်းဆီးခံထားရသူတွေထဲမှာ အနုပညာရှင်တွေတော်တော်များများလည်း ပါဝင်နေပြီး ပရိသတ်တွေအားလုံးကလည်း သူတို့ချစ်ခင်အားပေးနေကြတဲ့ အနုပညာရှင်တွေအတွက် စိတ်ပူနေကြတာလည်း တွေ့ရပါတယ်..။

ကွဲကွာနေကြတဲ့ သူငယ်ချင်းတွေအားလုံးနဲ့အတူ ပြန်ဆုံချင်တဲ့အကြောင်းကိုအမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc

"သူငယ်ချင်းတွေ ဒီလိုလူစုံပြန်ဆုံချင်ပြီ😔.." ဆိုကာ သန္တာဗိုလ်က စိတ်မကောင်းစွာရေးသားပြောပြထားတာ ဖြစ်ပြီး အားလုံးကလည်း အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းစွာဖြစ်နေကြသလို အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း Comment တွေမှာ အသီးသီးဆုတောင်းအားပေးထားကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc
Photo Credit - Thandar Bo's Fb Acc

သတင်းအရင်းမြစ်: Thandar Bo's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။