သီလရှင်ဆရာလေးများအား အလှူရှင်တွေကိုယ်စား စားနပ်ရိက္ခာနဲ့ အလှူငွေများသွားရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/21/21d4cbc05527896849a1379b66404cd7353489e0.jpeg
အနုပညာရှင်များ

 ၂၀-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ပရဟိတအလုပ်တွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားသလို ပရဟိတအလုပ်တွေကို ကိုယ်တိုင်တောက်လျှောက်လုပ်ကိုင်နေတဲ့အပြင် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အလှူလေးတွေပြုလုပ်ရင်း ရပ်တည်နေတာ ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဒါ့အပြင် အခက်အခဲဖြစ်နေတဲ့နေရာဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရသလို စစ်ဘေးရှောင်ပြည်သူများဆီကိုလည်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။ကိုယ်ကျိုးမကြည့်ဘဲ နေ့စဉ်တိုင်း မမောနိုင်မပန်းနိုင်အောင်  အခက်အခဲတွေကြားကနေ သွားရောက်ကာ အများအကျိုးလုပ်ဆောင်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

အခုလည်း မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်ရှိ ချမ်းမြေ့ရတနာသီလရှင်ကျောင်းတိုက်မှ သီလရှင်ဆရာလေးများအား အလှူရှင်တွေကိုယ်စား စားနပ်ရိက္ခာများအပြင် အလှူငွေများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းပုံလေးတွနဲ့တကွ ခုလိုရေးသားဝေမျှလာတာဖြစ်ပါတယ်။ " မဂ်လာဒုံမြို့နယ်၊ပုလဲမြို့သစ် ရှိ ချမ်းမြေ့ရတနာသီလရှင်ကျောင်းတိုက် သို့ လိုအပ်နေသည့်  နေကြာဆီ ၁၀ပိဿာ အာလူး ပိဿာ ၄၀ ကြက်သွန် ပိဿာ ၂၀ ကုလားပဲ ၁၀ပိဿာကြာဇံ ၊ နနွန်းမှုန့်၊ငြုတ်သီးမှုန့်အမျိုးမျိုး၊အခြားဟင်းချက်စရာ အခြောက်အခြမ်းများနှင့် အလှူငွေ တစ်သိန်းငါးသောင်း ကျပ်တို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါသည်။အလှူရှင်မှာ ထိုင်းရောက် လူငယ်မောင်မယ်များ ရဲ့ရွှေရောင်အနာဂတ် ပန်းပျိုးလက်အဖွဲ့ ဖြစ်ပါတယ်။"ဆိုပြီးရေးသားထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T