သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိပိုင်ဆိုင်ထားသူ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေသူ ဖြစ်တာကြောင့် ပရိသတ်တွေက အရင်ကထက် ပိုပြီးတော့ ချစ်ခင်နေကြတာပါ။ သူမကတော့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာတည်ထောင်ထားပြီး လူမမယ်ကလေးများကို မိခင်မေတ္တာအပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ လက်ရှိမှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး အဲ့ဘက်မှာရှိတဲ့ လိုအပ်တဲ့ နေရာတွေကို သွားရောက် လှူဒါန်းပေးနေတာပါ။ ခရီးရောက်နေပေမယ့်လည်း ရန်ကုန်တွင် စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူများအတွက် သူမရဲ့အဖွဲ့သားများအား သွားရောက်လှူဒါန်းဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။ အဘက်ဘက်ကနေ ထောင့်စေ့အောင် လုပ်ဆောင်တတ်တဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကတော့ လေးစားစရာပါပဲ။
သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေလူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရခိုင်ပြည်နယ်မှာရှိသော ဘိုးဘွားရိပ်သာတစ်ခုမှ ဘိုးဘွားများအတွက် တတ်နိုင်သလောက်လေး ထောက်ပံ့လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေပါ။ သူမကလည်း" ရခိုင်ပြည်နယ်ဘက် ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့်နေ့လည်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ်ယူခဲ့ပါတယ်ရှင်...ကျွန်မနဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံးသာဓုခေါ်ဆို ထပ်တူ ကုသိုလ်ယူနိုင်ကြပါစေရှင်..???..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Khine Hnin Wai’s Facebook Page