ရုပ်ရှင် သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကွင်းဆင်းလေ့လာကာ ကူညီလှူဒါန်းပေးတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။
လတ်တလောမှာတော့ ဝေဠုကျော်ဖောင်ဒေးရှင်းသို့ လှူဒါန်းထားတဲ့ အလှူငွေများဖြင့် စားဝတ်နေရေး ခက်ခဲနေသော နေရာများသို့ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ လှူဒါန်းပေးကြတဲ့ အလှူရှင်များ သာဓုခေါ်ဆိုနိုင်အောင်လည်း သွားရောက်ထောက်ပံ့ခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးနေတာပါ။ မနေ့ကလည်း ဝေဠုကျော်ဖောင်ဒေးရှင်း လူမှုကွန်ယက်စာမျက်နှာတွင် ရွှေပြည်သာမြို့နယ်မှ မိသားစု (၁၅၀) စုစာအတွက်လှူဒါန်းခဲ့ပုံတွေကို တင်ပေးထားတာပါ။
" 19-4-2021
တို့မြန်မာပြည်က ဆင်းရဲပေမယ့်
စေတနာကတော့ အချမ်းသာဆုံး နိုင်ငံပါ။
ယနေ့ စေတနာ အလှူရှင်များ ကိုယ်စား
ရွှေပြည်သာ မိသားစု ၁၅၀စုအတွက် အလှူ
#ဝေဠုကျော်ဖောင်ဒေးရှင်းမှ
ရွှေပြည်သာ မြို့နယ် မှ လိုအပ်နေသော
ကျူးမိသားစု ၁၅၀ စုကို ရွေးချယ်ကာ
ဆန်
ဆီ
ကြက်သွန်နီ
ကြက် ဥ
တို့ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။
အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါသော
ရွှေပြည်သာ ညီညွတ်သောတွဲလက်များအသင်းမှ
ကိုသားသားနှင့် အသင်းသားများအား
ကျေးဇူးအထူးတင်ရှိပါတယ်။ " ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page