ဘုရားမှာ အမြဲဆုတောင်းနေသောအရာအားအသက်(၃၀)အရွယ်တွင် ပြုလုပ်ခွင့်ရတဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ ဘေဘီမောင်

//s9.kh1.co/bf/bf5ced7f25d2f911f6e877516f2796fb33faaf78.jpeg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဘေဘီမောင်ကတော့  မော်ဒယ်လောကမှတစ်ဆင့်  သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ပြီး  ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင် ပါဝင်ရိုက်ကူးခဲ့သူ  ဖြစ်ပါတယ်။  သူမကတော့ ရရှိတဲ့ အနုပညာကြေးများနဲ့  အလှူအတန်းတွေ  ပြုလုပ်နေသူဖြစ်ပါတယ်။  ဒါ့အပြင်မိဘကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်တာကြောင့်ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။

Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography

သူမကတော့  ဒီကာလအတွင်း အခက်အခဲဖြစ်နေတဲ့  ပြည်သူတွေကို တတ်နိုင်သလောက်  ကူညီထောက်ပံ့ပေးနေတာလည်း  ဖြစ်ပါတယ်။  သင်္ကြန်တွင်းမှာလည်း  တရားစခန်းဝင်ရောက်ခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဘေဘီမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  နှစ်ဆန်းတစ်ရက်နေ့တွင် မိဘနှစ်ပါးနှင့် အဘိုးအဘွားများအား  အမှူးထား၍ အလှူတစ်ခု ပြုလုပ်ခွင့်ရတဲ့အတွက်  ကြည်နူးပီတိဖြစ်တဲ့ အကြောင်းကို ရေးသားဝေမျှထားတာ  ဖြစ်ပါတယ်။

Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography

သူမကလည်း " မြန်မာနှစ်ဆန်း (၁)ရက်နေ့ ကုသိုလ်

ပုံလေးတွေခုမှရလို့ပါရှင့်??

အမြဲဘုရားမှာ သာသနာပြုနိုင်ပါစေဆိုတဲ့ဆုတောင်းလေး အသက် ၃၀မှာပြည့်ခဲ့ပြီ??

မိဘတွေအတွက် ဂုဏ်ယူရတဲ့သမီး ရဟန်းအမကြီးဖြစ်ခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်??

..........,,,..................

ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျ အား, ဖေဖေမေမေဖိုးဖိုးဖွားဖွား ဦးထိပ်ထား၍, သရုပ်ဆောင် မဘေဘီမောင် မိသားစုတို့က သိက္ခာထပ်ဆင့် ကံမြှင့်ခြင်း ပုနောပသမ္ပဒမင်္ဂလာကုသိုလ် ပြုကြပါသည်။

မင်္ဂလာနှစ်သစ်..

နှစ်ဆန်း (၁) ရက်နေ့ကစပြီးအမြဲတမ်း ကောင်းခြင်းမင်္ဂလာတွေ ရရှိပါစေ..။

ပူလောင်သူတို့ အေးပါစေ..။

ခြောက်သွေ့ညှိုးနွမ်းသူတို့ စိမ်းလန်းစိုပြေပါစေ..။

နှလုံးသားတို့ ရယ်မောနိုင်ပါစေ..။

စိတ်နှလုံးတို့ ငြိမ်းချမ်းသာယာပါစေ..။

ဆို့နစ် ကြေကွဲသူတို့ ရယ်မောနိုင်ပါစေ...။

ဘဝတို့ ရှင်သန် လန်းဆန်းပါစေ...။

အသိဉာဏ်တို့ လင်းလက် တောက်ပပါစေ..။

17.4.2021." ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account and Illuminate’s Photography

Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Photo Crd-Illuminate’s Photography
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T