ထမင်းဖိုးလိုက်အလှူခံနေတဲ့ သာကေတကျူးက မိဘမဲ့ကလေးတွေအတွက် ဆန်နဲ့စားသောက်ကုန်တွေ လှူဒါန်းလိုက်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/2e/2e2472878f456af63577d2e514fad37669286cb2.jpg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေနဲ့အခြားပရဟိတအလုပ်တွေကို အပင်ပန်းခံကာ ဆက်တိုက်လုပ်ဆောင်နေတာတွေကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲပင်ပန်းနေကြပြီး လိုအပ်နေကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ တတ်နိုင်သလောက် ကူညီဖေးမနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

နေ့စဉ်နေ့တိုင်း လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းကတော့ ဒီကနေ့မှာလည်း ထမင်းဖိုးလိုက်အလှူခံနေတဲ့ သာကေတကျူးက မိဘမဲ့ကလေးတွေအတွက် ဆန်နဲ့အခြားစားသောက်ကုန်တွေ လှူဒါန်းလိုက်ပြန်ပါတယ်..။

အခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေစားဝတ်နေရေးတော်တော် ကြပ်တည်းနေကြရတဲ့အချိန်မှာ အိမ်တိုင်ရာရောက်လာရောက်ပြီး ခြံတံခါးခေါက်ကာ ထမင်းဖိုးလိုက်အလှူခံနေတဲ့ သာကေတ ကျူးက ကလေးတွေကို လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"19-4-2021

ခေတ်ကာလက ကပ်ရောဂါရော နိုင်ငံရေးအခြေအနေပါ ဆက်တိုက်ဖြစ်နေတော့ အခြေခံ

လူတန်းစားတွေ

စားဝတ်နေရေး တော်တော် ကြပ်တည်းနေကြပါပြီ..

ဒီနေ့ ကျွန်မတို့ ရပ်ကွက်ထဲ ကလေး၃ယောက်

အသံကုန်ဟစ်ပြီး လက်ထဲကပါလာတဲ့

ခေါင်းလောင်းရော ခြံဝကတပ်ထားတဲ့ ခေါင်းလောင်းရော ဆူညံအောင်တီး ၊ပါလာတဲ့ လင်ဗန်းကြီး သံတံခါးကို ခေါက်ပြီး ထမင်းဖိုး လိုက်အလှူခံနေတယ်လေ။

မိဘမရှိတော့ဘူး၊ သာကေတ ကျူးကလို့ ပြောပါတယ်။

ဒီအချိန် ဖောင်ဒေးရှင်းက

ဆန် ဆီ လိုက်လှူနေတာကြောင့် အိမ်မှာ

အဆင်သင့်ရှိနေတဲ့

ဆန် ၊ကြက်ဥ၊

ကြက်သွန်နီ၊ ငါးပိ တို့ လှူပေးလိုက်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူအကြောင်းကို ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ဆုတောင်းစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T