ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားတွေအပြင် ကြော်ငြာတွေလည်း များစွာရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောကောင်းမြတ်စံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ကောင်းမြတ်စံကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးနဲ့အတူလှုပ်ရှားမှုတွေပါဝင်ပြုလုပ်နေပြီး ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Kaung Myat San's Fb Acc

မင်းသားကောင်းမြတ်စံကတော့ လတ်တလောအခြေအနေတွေကြောင့် အခုလိုအချိန်မှာ ဘာလုပ်လုပ်အပြစ်ပြောနေတဲ့လူတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလာပါတယ်..။

"အခုချိန်မှာ လေကိုနှာခေါင်းနဲ့ရှူရင်တောင် လိပ်ပြာလုံပါစေဆိုပြီး $ပြစ်ပြောဖို့ ချောင်းနေတဲ့သူတွေက သက်သက်ကိုရှိတာ.." ဆိုပြီး ကောင်းမြတ်စံက ရေးသားပြောပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကလည်း သူအဆင်ပြေနေတဲ့အကြောင်း အသိပေးပြောပြထားပါသေးတယ်..။

Photo Credit - Kaung Myat San's Fb Acc
Photo Credit - Kaung Myat San's Fb Acc

"ကိုယ် အဆင်ပြေပါကြောင်း သာကြောင်းမာကြောင်းပါ ချစ်သူ 🖤.." ဆိုပြီး ပရိသတ်တွေစိတ်မပူကြစေဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ကောင်းမြတ်စံက ပြောပြထားတာ ဖြစ်ပါတယ်..။

သူ့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ဖို့ကို ပြန်လည်ပြောထားကြပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့အတွက်လည်း ဆုတောင်းစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Kaung Myat San's Fb Acc

သတင်းအရင်းမြစ်: Kaung Myat San's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။