သူနဲ့ ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေသော ကောလဟာလများအား ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟဲလေး

//s9.kh1.co/d8/d8f18be7b5f2acf1ffd669ed9f7449bdc08e2680.jpeg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ဟဲလေးကတော့ ဆယ်စုနှစ် နှစ်စုတိုင်အောင်  သီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူ တစ်ဦး ဖြစ်ပါတယ်။  သူသီဆိုတဲ့ သီချင်းတော်တော်များများကလည်း ယနေ့ထက်ထိ ပရိသတ်တွေ နားဆင်အားပေးနေကြဆဲ  ဖြစ်ပါတယ်။ ဟဲလေးကတော့ လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေ  အမြန်ဆုံး ပြန်လည် အေးချမ်းအောင် ဘုရားဝတ်ပြုတဲ့အခါတိုင်း ဆုတောင်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 

လတ်တလောမှာတော့  ဟဲလေးနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ  ပြန်နှံ့နေတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ၂၀၂၁ သင်္ကြန်ဖျော်ဖြေပွဲတစ်ခုသို့ သွားရောက်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။  မကြာသေးခင်  မိနစ်ပိုင်းလောက်က ဟဲလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သင်္ကြန်တစ်တွင်းလုံး  အိမ်ထဲကနေအပြင်တောင်မထွက်တဲ့အပြင်  အခုကြားနေရတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းကို  ပြန်လည်ဖြေရှင်းထားတာ  ဖြစ်ပါတယ်။

Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 

" ကျွန်တော်အများကြီးသည်းခံခဲ့ပါတယ်

တော်တော်များလာလို့ပါ?

Please?ဟဲလေးနည်းနည်းရင်ဖွင့်ပါရစေ

ဘယ့်နှယ်ဗျာ..2021 သင်္ကြန် တစ်တွင်းလုံး

အိမ်ထဲကအိမ်ပြင်တောင်မထွက်ခဲ့တဲ့ကျွန်တော့်ကိုမှ..ဘယ်သတ္တဝါကလက်သရမ်းပြီး

နာမည်စာရင်းထဲထည့်လိုက်တာတုန်း

ခုလိုချိန်မျိုးမှာ သူတစ်ပါး နစ်နာအောင်  မလုပ်ပါနဲ့..ပိုမလုပ်ကြပါနဲ့

အမှန်တရားကိုချစ်ရင်..ကျွန်တော့်ကိုမှားပြီးစွပ်စွဲခံခဲ့ရတာကို..အမှန်တရားဖြစ်အောင်ပြန်ပြုပြင်ကူညီပေးကြရင်ပိုမ ကောင်းဘူးလားဗျာ..❣

ချင့်ချိန်ယုံပေးကြပါ

2021သင်္ကြန်မှာ ကျွန်တော်ဘယ်နေရာမှာမှသီချင်းမဆိုခဲ့တာ

ကိုယ့်ကိုယ်ကို 100%အာမခံပါတယ်ဗျ

ရမ်းမတုတ်ကြပါနဲ့.ရောမကြိတ်ကြပါနဲ့

Please..ချောက်ထဲကိုတွန်းမပို့ကြပါနဲ့

အမှန်တကယ်သာသွားပြီး...ကျွန်တော်

သီချင်းဆိုခဲ့ရင်..

သက်သေနှင့်တကွ

ပုံနှင့်တကွတက်လာမှာဘဲလေ?

တစ်ခုတော့ရှိတာပေါ့....ပုံဟောင်းတွေနဲ့

ရောကြိတ်တာ...ရောကြိတ်ခံရတဲ့ပုံလေးကလည်းဆံပင်လေးကို နဖူးလေးပေါ်ဝဲလို့

၂၀၂၁မှာကျွန်တော့်မှာဆံပင်မရှိတော့ဘူးလေ?

ဂီတလောကမှာ

နာမည်တစ်လုံးကိုအနှစ်၂၀ ကျော်အေးချမ်းစွာနဲ့အမှားကင်းအောင်

တည်ဆောက်ထိန်းသိမ်းခဲ့ရတာပါ...

အထင်မမှားကြပါနဲ့ကိုယ်ချင်းစာပေးပါဗျာ...မဟုတ်ပဲနဲ့ခံရတဲ့သူတွေမှာ

အရမ်းကိုနစ်နာလှပါတယ်..အရမ်းနာကျင်ရပါတယ်..အရမ်းဆုံးရှုံးရပါတယ်?

ထပ်ပြောချင်ပါသေးတယ်ဗျာ..

2021သင်္ကြန်   ဘယ်နေရာမှာမှ

ကျွန်တော် ဟဲလေး သီချင်းမဆိုခဲ့ပါဘူး 

နောက်ဘယ်တော့မှဒီကိစ္စထပ်မရှင်းတော့ဘူးနော်?အချိန်နဲ့အမှန်တရားကစကားပြောပါလိမ့်မယ်?

အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

??? 

(ကျွန်တော်ချစ်ခင်တန်ဖိုးထားတဲ့ပရိသတ်များ..သူငယ်ချင်းမိတ်ဆွေအပေါင်းများခင်ဗျာ

ကျွန်တော်ရင်ဖွင့်တာလေးစိတ်ရှည်လက်ရှည်ဖတ်ပေးကြလို့....ကျေးဇူးအမှည့်ကြီးပါဗျာ??)" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Naing Lin Aung’s Facebook Account 

Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Photo Crd-Naing Lin Aung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T