မိတ်ဆွေတွေနဲ့စုပေါင်းကာ လိုအပ်နေတဲ့ အိမ်ထောင်စု (၁၀၀)စာ အတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/ec/ec865c18713e9428db396be4075b7cc2ed578673.jpeg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

........

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့ ရေဗက္ကာဝင်းကတော့ ဒီရက်ပိုင်းတွေမှာတောက်လျှောက် လှူဒါန်းမှုတွေမျိုးစုံပြုလုပ်ပေးနေတာကိုတွေ့မြင်ရပါတယ်။ခုလတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ လိုအပ်တာများ လှူဒါန်းကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်။

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account

ဒီလိုကာလတွေမှာ ပြည်သူတွေဟာ အလုပ်အကိုင်များကို အလွယ်တကူမလုပ်ကိုင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေကို အနုပညာရှင်တွေအပါအဝင် ပြည်သူအချင်းချင်းကပဲ တတ်နိုင်သလောက် ကူညီဖေးမရင်း အပြန်အလှန်ကူညီနေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင်တစ်ချို့နေရာတွေမှာဆိုရင်လည်း ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်လာကြတာကိုလည်းတွေ့မြင်ရပါတယ်။

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account

ဒီနေ့မှာဆိုရင်လည်း ရေဗက္ကာဝင်းက ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာများကို လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့တကွ " မြန်မာနှစ်သစ်ကူးအလှူအဖြစ် အနုပညာပိုးသဘက် Shingni Nbat ( မြစ်ကြီးနား ) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) Nestle Myanmar တို့နဲ့အတူ အိမ်ထောင်စု ၁၀၀စာ အတွက် ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ပဲနီလေး ကြက်သွန်နီတစ်ပိသာကြက်သွန်ဖြူမှုန့်ဂျင်းမှုန့်ပဲကြာဇံ Maggi စွယ်စုံသုံးဟင်းခတ်မှုန့် တို့ကို လိုအပ်နေတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမှ ပြည်သူများအတွက် ပေးလှူခဲ့ပါတယ်ရှင် "ဆိုပြီးရေးသားဖော်ပြထား ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Source & Photo Credit : Rebecca Win Facebook Account
Source & Photo Credit : Rebecca Win Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T