ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူတွေ စိတ်ရောကိုယ်ပါကျန်းမာချမ်းသာစေဖို့ တောင်းဆုခြွေဆုတောင်းပေးနေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/35/35199b0f20c31f02ea6ddb7868927e8ec01f59a1.jpg
အနုပညာရှင်များ

 ၁၈-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာ အခိုင်အမာရပ်တည်အောင်မြင်နေသလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူပရိသတ်တွေအတွက်လည်း လိုအပ်တာတွေ တတ်နိုင်သလောက်ဖေးမကူညီပြီး လှူဒါန်းမှုတွေပြူလုပ်နေတာကိုလည်း မကြာခဏတွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

မြန်မာ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ သင်္ကြန်ရက်အတွင်းမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေသလို တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးထံမှာ ဆွမ်းကပ်အလှူတွေနဲ့ ကပ်လှူကာ ဆရာတော်မြတ်ကြီးရဲ့မေတ္တာဓာတ်တွေခံယူရင်း ပြည်သူတွေအတွက်လည်း ဆုတောင်းပေးထားပါသေးတယ်..။

ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ပြည်သူတွေစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေပြီး သာသနာ့အကျိုးသယ်ပိုးနိုင်ကြစေဖို့ကိုလည်း ခိုင်နှင်းဝေက ဆုတောင်းမေတ္တာတွေ ပို့သကုသိုလ်ယူထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"တောင်တန်း သာသနာ ပြု မရှိခဏ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာဓာတ်ကို အမြဲ ခံယူပြီး ခုနှစ်ရက် သားသမီး အပေါင်းတို့လည်း စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြ၍ သာသနာ အကျိုးသယ်ပိုးနိုင်ကြပါစေ လို့ အမြဲ စဉ်ဆက်မပြတ် မေတ္တာပို့သလျှက်ပါ ရှင်...???.." ဆိုပြီး သူမရဲ့အလှူကို ဝေမျှထားတာပါ..။

ကောင်းမှုကုသိုလ်လေးတွေပြုရင်း ၇ရက်သားသမီးပြည်သူတွေအတွက် ပြုသမျှကုသိုလ်တွေဝေမျှလိုက်တဲ့ ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်ဆုတောင်းစကားတွေ ဆိုထားကြတာ တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T