ချစ်ရတဲ့ သားတွေသမီးတွေနဲ့အတူ သင်္ကြန်အကြိုနေ့လေးကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/69/69463c00baa66c30b8e629af7a0c4c4bb9c94a02.jpeg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ခိုင်နှင်းဝေကတော့ တစ်ခေတ်တစ်ချိန်ထဲက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ယနေ့တိုင် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်​ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ခိုင်နှင်းဝေက သူမရဲ့နေ့စဉ်အလှူပုံရိပ်လေးတွေအပြင် မိဘမဲ့ဂေဟာက ကလေးငယ်လေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိသူ လည်းဖြစ်ပါတယ်။ ခု ဧပြီလ (၁၃) ရက်မှာကျရောက်တဲ့ သင်္ကြန်အကြိုနေ့လေးမှာတော့ ချစ်ရတဲ့ သားတွေသမီးတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေပြီး သင်္ကြန်မျက်မှန်လေးတွေဆင်တူနဲ့ ချစ်စရာကောင်းလွန်းတဲ့ ကလေးငယ်လေးတွေရဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတိုင်းမှာ ကလေးငယ်လေးတွေဟာ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

Source & Photo Credit : Khine Hnin Wai Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T