အရေးယူခြင်းခံထားရပေမယ့် ပြည်သူတွေနဲ့တစ်သားတည်းရှိနေရတဲ့အတွက် ဘာပဲဖြစ်ဖြစ်ကျေနပ်တယ်လို့ ဆိုလာတဲ့ အိန်ဂျယ်လမုန်

//s9.kh1.co/67/67a852ba40a5d30e1c197e04869d37f7ff451968.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာနဲ့ရပ်တည်နေတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောအိန်ဂျယ်လမုန်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်နဲ့ ရဲရဲဝင့်ဝင့်ပါဝင်လုပ်ဆောင်နေတဲ့ အိန်ဂျယ်လမုန်ကတော့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်ဆောင်တာတွေကြောင့် ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ အိန်ဂျယ်လမုန်ကလည်း ပါဝင်လာပြီး လက်ရှိမှာတော့ ဂရုတစိုက်နေထိုင်နေရသလို စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားဆိုလာပါတယ်..။

အိန်ဂျယ်လမုန်ကတော့ သူမကိုယ်တိုင်က အရေးယူခြင်းခံထားရပေမယ့် ပြည်သူတွေနဲ့တစ်သားတည်းရှိနေရတဲ့အတွက် ဘာပဲဖြစ်ဖြစ်ကျေနပ်တယ်ဆိုပြီးတော့လည်း သူမရဲ့ယုံကြည်မှုတွေနဲ့ မပြောင်းလဲတဲ့ခံယူချက်တွေကိုလည်း ပြောတာ ဖြစ်ပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

"ပြည်သူတွေနဲ့အတူ တသားတည်းရှိရတဲ့အတွက်ကြောင့် ဘာတွေပဲဖြစ်ဖြစ်ကျေနပ်ပါတယ်.?စိတ်ပူပေးကြတဲ့အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင် ??.." ဆိုပြီး အိန်ဂျယ်လမုန်က ရေးသားပြောပြထားတာ ဖြစ်ပါယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း စိတ်ပူပြီး အားပေးစကားတွေလည်း ပြောထားကြသလို အန္တရာယ်ကင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

သတင်း အရင်းအမြစ်Angel Lamung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T