ညို့အားပြင်းတဲ့ အကြည့်တွေနဲ့ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးဝတ်စားဆင်ယဉ်ကာ အလှပိုနေတဲ့ နန်းစုဦး

//s9.kh1.co/1d/1de8d24079993e768e6d3fd99237cf1453151b49.jpg
အနုပညာရှင်များ

 ၁၆-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

စကားပြောဆိုရာမှာ အသံဝဲ၀ဲလေး နဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစုဦး ကတော့ အနုပညာ အလုပ်ကို ဆက်လက် လုပ်ကိုင်နေပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိထားတာပဲဖြစ်ပါတယ်။ အများနဲ့ မတူ တမူထူးခြားတဲ့ အလှ တရားတွေကို ပိုင်ဆိုင်ထား ပြီး ဘဝကို ရိုးသားစွာ ဖြတ်သန်း နေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးကာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲဖြစ်ပါတယ်။ ယခုမှာ သူမကတော့ အပူအပင်မရှိပဲ တစ်ယောက်တည်း လွတ်လပ်စွာ လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။

Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page

နန်းစုဦး ဟာ သရုပ်ဆောင်လောကမှာ ကျရာ ဇာတ်ရုပ်ကို ခံစားမှု အပြည့် သရုပ်ဆောင်နိုင်စွမ်းရှိတာတွေကြောင့် ပရိသတ်တွေက အချစ်ပို နေတာ ဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ ခန္ဓာကိုယ် ဟာလည်း ကျစ်လစ်ပြီး ဂစ်တာရှိတ်လေး လို လှနေတာကြောင့် ပုရိသတွေရဲ့ အသည်းကျော် တစ်ဦးဖြစ်နေတာပဲဖြစ်ပါတယ်။ နန်းစုဦး ဟာ အလုပ်အားတဲ့ အချိန်တွေမှာလည်း ရယ်စရာ ဟာသTikTopလေးတွေကို ဆော့ကစားကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကို ကုန်ဆုံးလေ့ ရှိ သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page

အခုမှာလည်း မြင်သူတိုင်း သမင်လည်ပြန်ကြည့်ရလောက်အောင် လှပတဲ့အမိုက်စား ခန္ဓာကိုယ် ထက်မှာ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေး ဝတ်စားဆင်ယဉ်ကာ ဆွဲမက်စရာအပြုံးတွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ဝင်းလဲ့တောက်ပပြီး ညို့ပြင်းတဲ့အကြည့်တွေကလည်း ပရိသတ်တွေ ရဲ့အသည်းတွေကို ခြွေနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း နန်းစုဦး ရဲ့ ဆက်လျှောက်မည့် အနုပညာလမ်းကို အားပေး ဝန်းရံ လိုက်ကြပါဦးနော်….။

Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page
Photo Crd - Nan Su Oo Facebook Page

သတင်း အရင်းအမြစ်Nan Su Oo Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T