မြန်မာပြည်က လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့အဆိုတော်တစ်ဦး ဖြစ်တဲ့ Gfatt ဟာ ထိမိပြီးကိုယ်တိုင်ရေးသားထားတဲ့ စားသားလန်းလန်းတွေနဲ့ ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ဖျော်ဖြေနိုင်မူကြောင့် အချိန်အနည်းငယ်မှာတင် လူငယ်ပရိသတ်တွေရဲ့ တစ်ဟုန်ထိုး အားပေးမှုကို အခိုင်အမာရထားတဲ့ Hip Hop လူငယ် ရက်ပ် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ သူရဲ့ အလွမ်းအဆွေးအချစ်သီချင်းလေးတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုတတ်သူလေးဖြစ်ပြီး သူရဲ့ သီချင်းလေးတွေကိုလည်း ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။
ခုလတ်တလောမှာတော့ သီချင်သစ်တွေဖန်တီးနေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်း ချစ်ရတဲ့ တူလေးအတွက် သီချင်းလေးတစ်ပုဒ်ရေးစပ်ကာ ကိုယ်တိုင်ဆိုပြထားတဲ့ ဗီဒီယိုလေးနဲ့အတူ "ကျွန်တော့်မှာ တူလေးတစ်ယောက်ရှိတယ် သိပ်စကားတက်တယ် ..လွန်ခဲ့တဲ့ ၂လလောက်က သူ့အတွက်သီချင်းတစ်ပုဒ်ဖန်တီးဖြစ်ခဲ့တယ် ဒီမနက်သားချော့တေးတွေအကြောင်း ဖတ်မိတော့ သူအိပ်ဖို့အတွက် ကျွန်တော်ရေးထားတဲ့သီချင်းလေးသွားသတိရတယ် ဒီသီချင်းကို သူမေးတဲ့မေးခွန်းလေးတွေနဲ့ရေးပါတယ် ကျွန်တော်ကွန့်မြူးဖန်တီးမှုတွေလဲပါတာပေါ့ဗျာ ကဲ ဒါကတော့အမြည်းပါ တစ်ပုဒ်လုံးအပြည့်ကိုတော့ ထွက်လာမှပဲနားဆင်တော့ဗျာ "ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။