နန်းတော်ရှေ့ဆရာတင်လို့ ပြောလိုက်တာနဲ့ မြန်မာ့ဂီတလောကတွင် ထင်ရှားကျော်ကြားလှတဲ့ ဂီတစာဆိုကြီးတစ်ဦး ဖြစ်မှန်း အားလုံးက သိကြသလို လေးလည်းလေးစားကြပါတယ်။ နန်းတော်ရှေ့ ဆရာတင်ရေးသားခဲ့တဲ့ သီချင်းများဟာ ယနေ့တိုင် ကျော်ကြားနေဆဲဖြစ်သလို နန်းတော်ရှေ့ဆရာတင် ရဲ့ သဘင် မျိုးဆက်များလည်းကျန်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။

သဘင်မျိုးဆက်များကျန်ရှိနေတဲ့အထဲကမှ နန်းတော်ရှေ့ဆရာတင် ရဲ့ သားဖြစ်သူ နန်းခင်အေး ၊ နန်းဝင်း ၊ နန်းခင်မွှေးတို့ရဲ့ ဖခင်ဖြစ်သူ နိုင်ငံကျော်ဝါရင့် သဘက်ပညာရှင်ကြီး ဘဘနန်းရွှေတင် ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

အသက် (၉၈) နှစ်ရှိပြီဖြစ်တဲ့ ဘဘရွှေနန်းတင် ဟာ ယနေ့ ဇွန်လ (၆) ရက်နေ့နေ့လည် (၁) နာရီ (၃၅) မိနစ်မှာ (၉၆) ပါးသောရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။






