MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် အနုပညာလမ်းပေါ်ကို လျှောက်လမ်းလာတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သူဖြစ်ပြီး မကြေးစည် ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေအချစ်ကို သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်။


ပရိသတ်တွေအပေါ်မှာ ရိုးသားပွင့်လင်းတဲ့ မေမီလေးက သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ရင်လည်း အကုန်ချပြထားတာဖြစ်ပါတယ်။ မေမီရဲ့ ချစ်သူလေးကတော့ အမေရိကားမှာ နေထိုင်တဲ့ ဆရာဝန်ဒေါက်တာ ကျော်ဇော်ဟိန်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် နားလည်ယုံကြည်မှုအပြည့်နဲ့ ချစ်ချစ်ခင်ခင်တည်ဆောက်လာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၂)နှစ် ပြည့်ကျော်ပြီပဲ ဖြစ်ပါတယ်။


သူတို့ချစ်သူနှစ်ယောက်က ဝေးကွာပြီး Long Distance Relationship ဖြစ်နေကြတာကြောင့် ချစ်သူလေး မေမီကိုလွမ်းနေပြီး အမြန်နီးစပ်ချင်နေတဲ့အကြောင်းကို "? အတောင်ပံပါရင် မင်းဆီကို … ???" ဆိုတဲ့ Caption လေးနဲ့ အတူသူ့ခံစားချက်လေးကို ဖော်ပြထားတာပဲဖြစ်ပါတယ်။



Source: Kyaw Zaw Hein’s FB Acc