အားတင်းထားပါ ကယားမြေသီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ စစ်ဘေးရှောင်ကလေးလေးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/74/74dcfef4932f6a0001d8915496560ccad054e9b1.jpeg
အနုပညာရှင်များ

 ၀၅-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

အားတင်းထားပါ ကယားမြေသီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ စစ်ဘေးရှောင်ကလေးလေးရဲ့ ရုပ်သံဖိုင်

ကယားပြည်နယ်က စစ်ဘေးရှောင်ကလေးငယ်လေးတွေဟာ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ ဘဝတွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန် ရှင်သန်နေရတဲ့ သူလေးတွေ ဖြစ်ပါတယ်။ မိုးမလုံ ၊ လေမလုံ စစ်ရှောင် စခန်းတွေမှာ နေထိုင်ရင်း အနာဂတ်တွေ ဝေဝါးနေကြတဲ့ စစ်ရှောင်စခန်းက ကလေးငယ်လေးတွေဆီမှာလည်း သူတို့ရဲ့ ဘဝ သူတို့ရဲ့အိမ်မက်ဆိုတာ ရှိကြစမြဲပဲ ဖြစ်ပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အားတင်းထားပါ ကယားမြေသီချင်းကို ရင်ထဲက ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဗီဒီယိုလေး နာမည်ကြီးနေခဲ့ပါတယ်။ သီချင်းသီဆိုနေတဲ့ ကောင်လေးက အသက် ၁၀ နှစ် ဝန်းကျင်လောက်သာရှိပါသေးတယ်။ သူက ကယားပြည်နယ် စစ်ရှောင် စခန်းမှာနေထိုင်တဲ့ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။

သီချင်းထဲမှာ စီးမြောရင်း ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ ကောင်လေးရဲ့ ဗီဒီယိုလေးဟာ မိနစ်ပိုင်း အတွင်း ကြည့်ရှုသူတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ ဒီလို အရည်အချင်းရှိတဲ့ ကလေးမျိုးလေးတွေကို သူတို့ရဲ့ ဝါသနာအတိုင်း ဖြစ်စေဖို့က ကြည့်ရှုသူတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်နော်။ စစ်ဘေးရှောင် ကလေးငယ်လေးတွေကို ဝိုင်းဝန်းအားပေး ကူညီပေးကြဖို့ တိုက်တွန်းရင်း အသံကောင်းတဲ့ စစ်ဘေးရှောင် ကလေးလေးရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T