ညီဖြစ်သူ အသတ်ခံခဲ့ရပြီးနောက် စိတ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသား Lee Dong Gun

//s9.kh1.co/4f/4f6f6eaad0449f326a08d6db02dd4e5a13faed39.jpeg
အနုပညာရှင်များ

 ၀၅-ဇွန်-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

ညီဖြစ်သူ အသတ်ခံခဲ့ရပြီးနောက် စိတ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသား Lee Dong Gun

တောင်ကိုရီးယားမင်းသား Lee Dong Gun ဟာဆိုရင် တစ်ချိန်တစ်ခါက အနုပညာ လှုပ်ရှားမှုတွေ တော်တော်များများမှာ တွေ့ခဲ့ရသလောက် နောက်ပိုင်းမှာ ပရိသတ်တွေရှေ့ကို လုံးဝပြန်ပေါ်မလာခဲ့တော့တဲ့ သူဖြစ်ပါတယ်။ Lee Dong Gun ကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့သလို အခြား လူမှုငွန်ရက် စာမျက်နှာတွေပေါ်မှာလည်း မတွေ့ရတော့ပါဘူး။ 

Google
Google

Lee Dong Gun စတင်ပျောက်ကွယ်လာတဲ့အချိန်က သူ့ရဲ့ ညီဖြစ်သူ အသတ်ခံခဲ့ရတဲ့ အချိန်ကဖြစ်ပါတယ်။ 

Google
Google
Google 
Google 

တစ်ယောက်တည်းရှိတဲ့ ညီဖြစ်သူ သတင်းကို ကြားကြားချင်းမှာ Lee Dong Gun တစ်ယောက် များစွာတုန်လှုပ်ခြောက်ခြားပြီး သွေးပျက်မတတ်ဖြစ်ခဲ့ရပါတယ်။ အစ်ကို တစ်ယောက်အနေနဲ့ မစောင့်ရှောက်နိုင်ခဲ့တာအတွက်ရော ၊ ညီဖြစ်သူကို ဂရုမစိုက်နိုင်ခဲ့တာ အတွက်ရော ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေခဲ့တဲ့ Lee Dong Gun ဟာ သူ့ရဲ့ ဇနီးသည် ဖြစ်သူနဲ့လည်း အိမ်ထောင်ရေး ပြိုကွဲခဲ့ရပါသေးတယ်။ 

Google
Google
Google
Google

Lee Dong Gun ရဲ့ ညီ ဟာ ၂၀၀၈ ခုနှစ်၊  ဩစတေးလျနိုင်ငံ ၊ ဆစ်ဒ်နေး မြို့မှာ ပညာတော်သင်သွားနေရင်းနဲ့ တိုင်းတစ်ပါးသားတွေရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ သေဆုံးခံရတဲ့ အကြောင်းအရင်းကတရုတ်နိုင်ငံသားနှစ်ယောက်ဖြစ်ကြတဲ့  Ivan Lee နဲ့  Michael Wong လို့ခေါ်တဲ့ လူနှစ်ယောက်က Lee Dong Gun ရဲ့ညီနဲ့ ရန်ဖြစ်ရင်း အငြိုးနဲ့ သတ်ခဲ့တာ လို့ သိရပါတယ်။ 

Google
Google

ညီဖြစ်သူကို သတ်ခဲ့တဲ့ လူသတ်သမားတွေကို ဖမ်းမိခဲ့ပေမယ့်လည်း အစ်ကိုဖြစ်သူ Lee Joon Yub ရဲ့ နောင်တနဲ့ပူဆွေး ဝမ်းနည်းမှုဟာ ပျောက်ကွယ်မသွားခဲ့ပါဘူး။ 

ညီဖြစ်သူရဲ့ သေဆုံးမှုက Lee Dong Gun အပေါ်ဘယ်လောက်ထိ ရိုက်ခတ်သွားလဲဆိုရင် Lee Dong Gun တစ်ယောက် စိတ်ကျရောဂါအထိ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ စိတ်ကျရောဂါကို ကုသနေခဲ့ရတာကြောင့် Lee Dong Gun တစ်ယောက်များစွာသော ပရောဂျက် တွေကို ရပ်နားခဲ့ရပြီး  အလုပ် အချိန်စာရင်းတွေ အားလုံးကိုလည်း ရပ်တန့်ခဲ့ရပါတယ်။ 

Google
Google

၂၀၁၀ ခုနှစ်မှာတော့ Lee Dong Gun တစ်ယောက် စစ်မှုထမ်းဆောင်ခဲ့ရပါတယ်။ ပထမဦးဆုံးအချိန် ပရိသတ်တွေအရှေ့ ပြန်ပေါ်လာတဲ့ Lee Dong Gun ကို ပရိသတ်တွေ အများကြီးက အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ 

စိတ်ကျရောဂါကို အကောင်းဆုံး ကုသပြီးတဲ့ အချိန် စစ်မှုထမ်းဆောင်ပြီး နောက်မှာ Lee Dong Gun တစ်ယောက်အနုပညာ လှုပ်ရှားမှု အနည်းငယ် ပြန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ 

Google
Google

ကိစ္စတွေ အားလုံး ရှင်းသလောက်ရှိသွားတဲ့ အချိန်မှာ Lee Dong Gun တစ်ယာက် မိန်းကလေး နှစ်ယောက်ကိုတစ်ပြိုင်တည်း တွဲနေတယ်ဆိုတဲ့ သတင်း ထွက်ရှိလာခဲ့ ပြန်ပါတယ်။ Lee Dong Gun နဲ့ တွဲနေတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ ကောင်မလေးနှစ်ယောက်က Jiyeon (T-ara) နဲ့ Jo Yoon Hee တို့ပဲ ဖြစ်ပါတယ်။ Lee Dong Gun ဟာJiyeon(T-ara)  နဲ့ လူသိရှင်ကြား လမ်းခွဲခဲ့ပြီး မကြာခင်မှာပဲ Jo Yoon Hee  နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ 

Google
Google

Lee Dong Gun  ဟာ Jo Yoon Hee နဲ့လည်း သမီးလေး တစ်ယောက်ရပြီးတဲ့အချိန်မှာ ကွာရှင်းခဲ့ ပြန်ပါတယ်။ ဇနီးဖြစ်သူ Jo Yoon Hee  နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ Lee Dong Gun ရဲ့ စိတ်အခြေအနေက ပိုပြီးဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပြီး ပရိသတ် များစွာကို ဆုံးရှုံးခဲ့ရပါတယ်။ 

Google
Google
Google
Google

လက်ရှိမှာဆိုရင် တောင်ကိုရီးယားမင်းသားLee Dong Gun ဟာ အနုပညာလှုပ်ရှားမှု နယ်ပယ်ကနေ လုံးဝ ပျောက်ကွယ်လုနီးပါးကို ဖြစ်နေခဲ့ပါပြီ။ 

Google
Google

ဘဝမှာ ဆိုးရွားမှုတွေနဲ့ချည်း ဆက်တိုက်ရင်ဆိုင်ခဲ့ရရင်း ပရိသတ်ရှေ့က ပျောက်ကွယ်သွားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသား Lee Dong Gun   ရဲ့ အကြောင်းကို မသိသေးတဲ့ သူတွေအတွက် အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။ (စာသားများအား ကူးယူမတင်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ - Myanmarload)

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T