ပန်ကိတ်ဒါဒါကတော့ Austria နိုင်ငံမှာ ပညာသင်ကာ Masterဘွဲ့ ကို ရရှိထားတဲ့ Facebook ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာရှင်မဟုတ်ပေမယ့် Beauty ဘလော့ဂါအဖြစ် သူမရဲ့ဝါသနာအရ အလှအပရေးတွေကို ဝေမျှလေ့ရှိတဲ့အပြင် ခွန်အားရှိစေတဲ့စာလေးတွေ အတွေးအခေါ်လေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ။


ဒါဒါကတော့ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝ ရရှိထားသူလေး လည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါဒါကသူမရဲ့ ချစ်ရသူလေးနဲ့ အေးချမ်းသာယာပြီး ပျော်ရွင်စရာကောင်းတဲ့ relationship လေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။


ဒါဒါရဲ့ ချစ်သူလေးက လူမျိုးခြား နိုင်ငံခြားသား တစ်ယောက်ဖြစ်တာကြောင့် ချစ်သူကောင်မလေးက မြန်မာဆိုတော့ မြန်မာစကားကို အရမ်းပြောတတ်ချင်နေတာဖြစ်ပါတယ်။ စာပို့ရင်လည်း Google Translate Application တွေသုံးပြီး မြန်မာလိုလေးတွေရေးကာ ချစ်သူလေးဒါဒါကို အချစ်ပိုအောင် လုပ်နေတာလည်း ဖြစ်ပါတယ်။


ဒီတစ်ခါမှာလည်း “မင်းကိုအရမ်းချစ်တယ်”ဆိုတဲ့ စာတွေအများကြီးရေးထားတဲ့ Conversation လေးကို Screen shot ရိုက်ပြီး “မြန်မာစာကို အရမ်းရေးတတ်ချင်သော ချစ်သူလေး” ဆိုတဲ့ စာလေးနဲ့အတူ ဒါဒါက သူ့ရဲ့ Facebook Story မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။


Source: Ya Min Oo's FB Story