Big Bang အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Solo Career မှာလည်း သီချင်းတွေအများကြီးနဲ့ K pop ပရိသတ်တွေသာမက Non-K pop ပရိသတ်တွေရဲ့ အားပေးမှုအမြောက်အမြားကိုပါ ရရှိထားတဲ့ အဆိုတော် G-Dragon ဟာဆိုးလ်မြို့မှာ ဈေးအကြီးဆုံးတိုက်ခန်းတွေထဲက တစ်လုံးကိုဝယ်ယူခဲ့ပါတယ်။ကိုရီးယားဝမ် ၁၆.၄ သန်းတန်ဖိုးရှိပြီး မြန်မာငွေသန်းပေါင်း ၂၀၀၀၀ ကျော်လောက်တန်ဖိုးရှိတဲ့တိုက်ခန်းကြီးဟာ ဆိုးလ်မြို့ ယိုဆန်ခရိုင်မှာတည်ရှိပြီး ၂၀၂၂ ခုနှစ်မှာ အမြင့်ဆုံးအိမ်ခြံဈေးတွေထဲကတစ်ခုပါ။

နိုင်းဝမ်းဟာနန်လို့အမည်ရတဲ့ အိမ်ယာရဲ့တိုက်ခန်းဟာ အပေါ်ဆုံးထပ်ဇိမ်ခံတိုက်ခန်းကြီးဖြစ်ပြီး စတုရန်းပေ ၂၆၂၄ ပေရှိပါတယ်။၁၆.၄ ဘီလီလျံလုံးကို ငွေသားနဲ့ကြီးပဲပေးချေခဲ့တာဖြစ်ပြီးသူအပါအဝင် စုစုပေါင်းလူ ၆ ယောက်လောက်က အဲ့နားကအခန်းတွေကို ဝယ်ယူခဲ့တာလို့သိရပါတယ်။၂၀၂၀ တုန်းကလည်း အဲ့ဒီအိမ်ယာမှာပဲ ၉ ဘီလီလျံတန်ဖိုးရှိတိုက်ခန်းတစ်ခန်းကို ဝယ်ခဲ့ဖူးပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ခြံမြေဝန်ကြီးဌာနရဲ့ဖော်ပြချက်အရ ဈေးအကြီးဆုံးတိုက်ခန်းဟာ ကိုရီးယားဝမ် ၁၆.၈၉ ဘီလီလျံလောက်တန်ဖိုးရှိတဲ့ ချောင်ဒန်တိုက်ခန်းတွေဖြစ်ပါတယ်။၁၆ ထပ်တိုက်တွေရဲ့ထိပ်ဆုံးမှာရှိပြီး စတုရန်းမီတာပေါင်း ၄၀၇ မီတာလောက်ရှိတဲ့ တိုက်ခန်းတွေဟာ ၂၀၂၂ ခုနှစ်အတွင်း ရောင်းချတဲ့တိုက်ခန်းတွေထဲမှာ ဈေးအကြီးဆုံးပါ။

ခု G-Dragon ဝယ်ယူခဲ့တဲ့ တိုက်ခန်းဟာ ဒုတိယမြောက်ဈေးအကြီးဆုံးဖြစ်ပြီး စုစုပေါင်း ၁၀ ခန်းလောက်ရှိပါတယ်။ကိုယ်ပိုင်ကားပါကင်နဲ့ အခန်းတွင်းသီးသန့်ဓာတ်လှေကားရှိပြီး ၇ လုံးလောက်ကတော့ ရောင်းထွက်ထားပြီးသားလို့ Allkpop Website ရဲ့ဖော်ပြချက်အရ သိရပါတယ်။





