တောင်ကိုရီးယားမင်းသမီး Jo Yoon Hee နဲ့ မင်းသား Lee Dong Gun တို့ဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြ ပြီး၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

မင်းသမီး Jo Yoon Hee ဟာ စိတ်ဓာတ်ပျက်သားတဲ့ သူဖြစ်ပြီး ကွာရှင်းခဲ့တဲ့အချိန်မှာလည်း သူမရဲ့ သမီးဖြစ်သူကို တစ်ယောက်တည်း တာဝန်ယူမယ်လို့ မာနကြီးကြီး ထား ဆုံးဖြတ်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို Jo Yoon Hee က I Raise အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ခင်ပွန်းဖြစ်သူနဲ့လည်း သမီးလေးကို မခွဲချင်တာကြောင့် တစ်ပတ်ကို တစ်ရက် ဖခင်နဲ့အတူ လမ်းလျှောက်ထွက်နိုင်ဖို့တော့ စီစဉ် ခွင့်ပြုပေးထားတယ်လို့ဆိုပါတယ်။

လူတွေက ကွာရှင်းပြီးရင် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် မမြင်ချင်ကြဘူးဆိုပေမယ့် Jo Yoon Hee ကတော့ အဲဒီလို မဟုတ်ဘဲ သမီးလေးအကောင်းဆုံး ကြီး ပြင်းလာဖို့ အတွက် ရှေးရှုကာ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာလို့ ဆိုပါတယ်။

မင်္ဂလာဓာတ်ပုံတွေကို ဘာလုပ်လိုက်သလဲဆိုတဲ့ မေးခွန်းကိုမေးတဲ့အခါမှာလည်း Jo Yoon Hee က သမီးလေးအရွယ်ရောက်လာရင် ပြဖို့အတွက် အကုန်လုံးကို သိမ်းထားတယ်လို့ ဆိုပါတယ်။ Jo Yoon Hee ဟာ ကွာရှင်းဖို့အတွက် အတွက်များစွာ စဉ်းစားခဲ့ရပြီး ပြီးခဲ့တဲ့၂၀၂၁ တစ်နှစ်လုံးမှာလည်း နေ့ရက်တိုင်းငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူမဟာ အရာအားလုံးကို လွှတ်ချလိုက်ပြီး သမီးလေး တစ်ယောက်တည်း အတွက်ပဲတွေးသွားတော့မယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမင်းသမီး Jo Yoon Hee နဲ့ Lee Dong Gun တို့ဟာ တွဲပြီး ၂ လတည်းနဲ အရမ်းကို မြန်မြန်ဆန်ဆန် လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ လက်ထပ်ပွဲကို မြန်မြန်ကျင်းပခဲ့တဲ့ သူတို့စုံတွဲလေးဟာ လက်ထပ်ပြီး ၃နှစ်အကြာမှာပဲ ကွာရှင်းခဲ့ကြပါတယ်။
