Amber Heard ဟာ Johnny Depp အား ဒေါ်လာ(၁၅)သန်း ပေးနိုင်မှာမဟုတ်ကြောင်း အောက်ဖဲလှန်ခဲ့တဲ့ Amber Heard ရဲ့ ရှေ့နေ

//s9.kh1.co/2f/2f3f90a732578bb2360bf049e153e90a487479ed.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

Amber Heard ရဲ့ ရှေ့နေ Elaine Bredehoft က စီရင်ချက်ချပြီးနောက်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

(၆)နှစ်တာကာလ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ယမန်နေ့ ဇွန်လ(၂)ရက်နေ့က Johnny Depp ဟာ Amber Heard အား စွဲဆိုထားခဲ့တဲ့ အသရေဖျက်မှုကို အောင်နိုင်သွားခဲ့ပြီဖြစ်ပြီး Amber Heard ဟာ Johnny Depp အား အမေရိကန် ဒေါ်လာ(၁၅)သန်း လျော်ကြေးပေးဆောင်ရမယ်လို့ ဂျူရီ က အမိန့်ချမှတ်ခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

စီရင်ချက်ချပြီးပြီးချင်းမှာပဲ Amber Heard ရဲ့ ရှေ့နေဖြစ်သူ Elaine Bredehoft ဟာ သူမ၏နှုတ်ဆိတ်မှုကို ချိုးဖောက်တဲ့အနေနဲ့ Amber Heard မှ Johnny Depp အား နစ်နာကြေးဒေါ်လာ (၁၅) သန်း ကို ပေးဆောင်နိုင်မှာမဟုတ်ကြောင်း Bredehoft မှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

Bredehoft က ယခု နောက်ဆုံးသတ်မှတ်လိုက်တဲ့ ရလဒ်ဟာ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်နေကြတဲ့ သားကောင်များအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုဖြစ်ကြောင်းကို "ဒါဟာ ကြောက်စရာကောင်းတဲ့ မက်ဆေ့ချ်ပါပဲ... ဒါက ဆုတ်ယုတ်မှုပဲ" လို့ Bredehoft မှ မသိမသာအောက်ဖဲလှန်တဲ့ ပုံစံဖြင့်ပြောကြားလာပါတယ်။ ဒါတင်သာမက "မင်းရဲ့ ဖုန်းကို ဆွဲထုတ်ပြီး မင်းအိမ်ထောင်ဖက်က မင်းကို ရိုက်နှက်တဲ့ ဗီဒီယိုခွေကို မရိုက်ထားရင် မင်းကို တစ်လောကလုံးက ယုံမှာ မဟုတ်ဘူး " လို့လည်းပြောကြားလာပါသေးတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T