ယောကျာ်းပီသပြီး ချောမောလှပတဲ့ ဟန်ပန်သွင်ပြင်တွေနဲ့ တည်ငြိမ်ရင့်ကျက်လွန်းတဲ့ ပုံစံတွေကြောင့် အမျိုးသမီးထုကြီးရဲ့ အသည်းနှလုံးကို ချွေချထားသူဖြစ်တဲ့ အနုပညာရှင်တစ်ဦးကို ဖော်ပြပါလို့ဆိုရင်တော့ပြည်သူ့မင်းသား ဒေါင်း ကိုပဲ ရည်ညွှန်းရမှာပါ။


ဒေါင်း နဲ့ ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားပြီး ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ " နိုင်ငံပျောက်သူ " ရုပ်ရှင်ကို မေလ(၃၀)ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ၎င်း ရုပ်ရှင်ဇာတ်လမ်းတို ဟာ ပရိတ်သတ်တွေရဲ့ ရင်ထဲကခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အတော်လေးရရှိခဲ့ပါတယ်။


အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတို မှာ ပါဝင်တဲ့ ခွေးလေး ဟာ ဒေါင်းရဲ့လက်ပေါ်မှာ အိပ်ပျော်နေစဥ် ဒေါင်း က ထိုခွေးလေးကို နှိုးနေတဲ့ချစ်စဖွယ်ဗီဒီယိုဖိုင်လေးဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပြီး ပရိတ်သတ်အားပေးမှုကို အတော်လေး ရရှိထားပါတယ်။ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ဒေါင်း ရဲ့ ရုပ်သံ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီး ကြည့်ရှုခံစားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။