ထူးအယ်လင်းကတော့ ယနေ့ချိန်ထိ သူ့သီချင်းလေးတွေဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတုန်းဖြစ်ပြီး လက်ရှိမှာတော့ သူက အနုပညာအလုပ်တွေထပ် ပရဟိတအလုပ်လေးတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။


ထူးအယ်လင်းနဲ့ မီးမီးခဲတို့ရဲ့ သမီးလေးကတော့ အဖေနဲ့ မေမေတို့ရဲ့ သွေးပါတယ်လို့ ဆိုရလောက် အောင်ကို အသံအရမ်းကောင်းတဲ့ အဆိုပါရမီရှင်လေး ဖြစ်လို့နေပါပြီ။


ထူးအယ်လင်းက ဂီတကိုဝါသနာပါတဲ့ သမီးလေးကို ဂုဏ်ယူပြီး သမီးလေးရဲ့ video လေးတွေကိုတင်ပေးလေ့ရှိပါတယ်။ ခုမှာလည်း ဂစ်တာလေးကို ကိုယ်တိုင်တီးပြီး ဖျော်ဖြေနေတဲ့သမီးလေးရဲ့ video လေးတင်ထားတာပါ။ ဖေဖေနဲ့မေမေတို့ရဲ့ အဆိုတော်သွေးတွေ အပြည့်ပါနေတဲ့ သမီးလေးကတော့ ကြီးလာရင် အဆိုတော် တစ်ယောက်ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
