မိခင်ကြီး ဈာပန ဆုတောင်းပွဲမှာ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုရင်း ဂုဏ်တော် ချီးကျူး ခဲ့တဲ့ နော်မာသထူးဝါးလေး

//s9.kh1.co/24/246385126fa0e72f1c3508652da62b4e031bcff2.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိခင်ကြီး ဈာပန ဆုတောင်းပွဲမှာ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုရင်း ဂုဏ်တော် ချီးကျူး ခဲ့တဲ့ နော်မာသထူးဝါးလေး

နော်မာသထူးဝါးလေးဟာဆိုရင် မြန်မာနိုင်ငံမှာ သာမက တောင်ကိုရီးယား နိုင်ငံမှာပါ  အောင်မြင်ကျော်ကြားနေတဲ့ သက်ငယ် အဆိုတော်လေး ဖြစ်ပါတယ်။ နော်မာသထူးဝါးလေးက ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းကနေ တောင်ကိုရီးယားနိုင်ငံကို မိခင်ကြီး မမိုင် ၊ မောင်လေး နှစ်ယောက်နဲ့ အတူ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ “အိမ်ကလေးတစ်လုံးလိုချင်တယ်” သီချင်းကို သီဆိုခဲ့တဲ့ နော်မာသထူးဝါးလေးဟာ သူမ လို ချင်တဲ့အိမ်လေးကို ရရှိခဲ့တဲ့ အချိန်မှာပဲ မိခင်ကြီးက မရှိရှာတော့ပါဘူး။

Our Princess Marthahtoowah Fans Page

နော်မာသထူးဝါးလေးရဲ့ ဖခင်ကြီးကလည်း နော်မာသထူးဝါးလေး ငယ်စဉ်ကတည်းက ကွယ်လွန်သွားတာဖြစ်ပါတယ်။ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နော်မာသထူးဝါးလေးက အသက် ၁၅ နှစ်အရွယ်သာ ရှိသေးပေမယ့် အမကြီး အမိရာ ပီပီ စိတ်ကို ကြိုးစား အားတင်းနေတာကိုလည်း ဓာတ်ပုံလေးထဲမှာ အတိုင်းသားတွေ့ရပါတယ်။

Our Princess Marthahtoowah Fans Page
Our Princess Marthahtoowah Fans Page

နော်မာသထူးဝါးလေးရဲ့ မိခင်ကြီး မမိုင်ဟာဆိုရင်လည်း သူမကိုယ်သူမ မေ့သွားလောက်တဲ့ အထိကို သားသမီးလေးတွေကို ဂရုစိုက်မှု အပြည့် ပေးခဲ့တဲ့ မိခင်ကောင်းဖြစ်ပါတယ်။ နော်မာသထူးဝါးလေးက မိခင်ကြီး နာမကျန်း ဖြစ်နေတဲ့ အချိန်မှာလည်း မိခင်ကြီးရဲ့ နာကြင်မှု ဝေဒနာ သက်သာစေဖို့ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုပေးနေကြဖြစ်ပါတယ်။

Our Princess Marthahtoowah Fans Page
Our Princess Marthahtoowah Fans Page
Our Princess Marthahtoowah Fans Page
Our Princess Marthahtoowah Fans Page

အခု မိခင်ကြီးရဲ့ ဈာပန ဆုတောင်းပွဲမှာလည်း နော်မာသထူးဝါးလေးက သူမကိုယ်တိုင် သီချင်းလေးဆိုပြီး ဂုဏ်တော် ချီးကျူးပေးခဲ့တာဖြစ်ပါတယ်။ မိခင်ကြီးကို အောင့်မေ့ သတိရတဲ့ ခံစားချက် အပြည့်နဲ့ ခရစ်ယာန် ဓမ္မ သီချင်းတော်ကို ရင်နဲ့ခံစားပြီး သီဆိုနေခဲ့တဲ့ နော်မသထူးဝါးလေးတစ်ယောက် အသံတွေတောင် တုန်ရီနေခဲ့ပါတယ်။

Our Princess Marthahtoowah Fans Page
Our Princess Marthahtoowah Fans Page

နော်မာသထူးဝါး လေးရဲ့ မိခင်ကြီး မမိုင်ဟာဆိုရင် အသည်း ကင်ဆာရောဂါနဲ့ မေလ ၂၉ ရက်နေ့မှာ ခရစ်တော်၌အိပ်ပျော်သွားခဲ့တာ ဖြစ်ပါတယ်။ မိခင်ကြီး မမိုင် ကွယ်လွန်သွားချိန် မှာ အသက် ၁၅ နှစ်အရွယ် နော်မာသထူးဝါးလေးဆီမှာ အသက် ၁၃ နှစ်အရွယ်မောင်လေးနဲ့ ၁၁ နှစ်အရွယ် မောင်လေး နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T