မြန်မာစာကို Google Translate သုံးပြီး Message ပို့နေတဲ့ လူမျိုးခြားချစ်သူလေးကို အချစ်ပိုနေတဲ့ ပန်ကိတ်ဒါဒါ

//s9.kh1.co/25/25ba5957453be03c7ef8826b9faca7bc15e49975.jpg
အနုပညာရှင်များ

 ၃၀-မေ-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

ဒါဒါလေးကို ချစ်လိုက်တာများ ... မြန်မာလို ပြောချင်တာနဲ့ Google Translate တွေ သုံးပြီး Reply ပြန်နေတာ ....

မြန်မာနိုင်ငံရဲ့ နာမည်ကျော် Facebook Cele တစ်ယောက်ဖြစ်တဲ့ beauty blogger မလေး ပန်ကိတ်ဒါဒါကတော့ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝ ရရှိထားသူလေး လည်းဖြစ်ပါတယ်။ ဒါဒါကတော့ အလှအပပိုင်းတွေကို ပရိသတ်တွေအတွက် အမြဲတမ်း မျှဝေပေးလေ့ရှိသူတစ်ဦးဖြစ်သလို လက်ရှိမှာလည်း သူမရဲ့ပရိသတ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်။

Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc

ဒါဒါက မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ပေမယ့် လက်ရှိမှာတော့ သြစတေးလျမှာနေထိုင်နေ အခြေချကာ အလုပ် လုပ်ကိုင်နေသူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါဒါကသူမရဲ့ ချစ်ရသူလေးနဲ့ အေးချမ်းသာယာပြီး ပျော်ရွင်စရာကောင်းတဲ့ relationship လေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်းပရိသတ်တွေကို သူမရဲ့ ချစ်စရာကောင်းတဲ့ ရည်းစားလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။

Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc

ချစ်သူလေးက ဒါဒါကိုအရမ်းချစ်ပြီး မြန်မာစကားကိုလည်း စိတ်ဝင်စားမှု ရှိတဲ့အကြောင်းလေးကို “မြန်မာစာကို Google ကနေ translation သွားရှာလာတဲ့ ရိန်းဇားလေး ?? အမလေး ငါချစ်လိုက်တာ နော။ ကိုယ်ပြောတာမပြီးသေးတာ ကြားဖြတ်ပြောလို သူ့ကိုစိတ်ဆိုးမယ်လုပ်တာ ဆက်ပြော ပါပေါ့ သူပြောချင်တာ ?? So cute ??” ဆိုပြီး ကောင်းလေးနဲ့ ပြောထားတဲ့ Chat Conversation လေးနဲ့ လူမှုကွန်ယက်ထပ်မှာ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc
Photo Credit : Ya Min Oo's FB Acc

Source : Ya Min Oo's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T