လုံးဝမမှတ်မိတော့လောက်အောင်ကို ပြောင်းလဲသွားတဲ့ သရုပ်ဆောင် မြတ်သူကျေ

//s9.kh1.co/a5/a5bae884dc5b11a18a72243ee15d038bd6ff3343.jpg
အနုပညာရှင်များ

 ၂၉-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

ပရိသတ်တွေ လုံးဝမမှတ်မိတော့လောက်အောင်ကို ပြောင်းလဲသွားတဲ့ သရုပ်ဆောင် မြတ်သူကျေ

MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sign of Love ဆိုတဲ့ ဇာတ်လမ်းတွဲကနေ လူသိများလာတဲ့ မင်းသားချော မြတ်သူကျော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=873,q=100/b2/b2adf780875a2235a11941071aaebbbeaf93cc2c.jpg

မျက်ခုံမွှေးထူထူလေးနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြတ်သူကျော်ကတော့ ရုပ်ရှင် ဗီဒီယိုတွေ MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/75/75ce86838505a6a8e20c7985f25854a016cebdc3.jpg

မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာတော့ မြတ်သူကျော်က သူရဲ့လူမှုကွန်ယက်ထက်ကနေတစ်ဆင့် သူ့ရဲ့ ပုံလေးတွေနဲ့အတူ "စံပယ် ..သူ့အမွှေးနံ့ လေးနဲ့ တော့ တစ်နေရာက ချစ်စရာ ကောင်း နေရော... ?

နှစ်သစ်မှာ ကျန်းမာ ရွှင်လန်း ကြပါ စေ ???" ဆိုပြီး နှစ်သစ်ဆုမွန်ကောင်းလေးတောင်းပေးထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1063,q=100/c0/c005d4e87ce6930ef5b2fe3850bf32a78dc62cb7.jpg

ပုံလေးတွေထဲမှာတော့ မြတ်သူကျော်တစ်ယောက် အရင်ကပုံစံနဲ့ လုံးဝမတူဘဲ မမှတ်မိနိုင်လောက်အောင်ကို ခန္ဓာကိုယ်ရော မျက်နှာကပါ အရမ်းပိန်ပြီး ချောင်ကျသွားတာမို့ ပရိသတ်တွေက အံ့ဩနေကျတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=873,q=100/15/155c692ab0a9d6bd79dd8c95d2e1bc779032e219.jpg

တော်တော်လေးကို ပိန်သွားတာမို့ ကျန်းမာရေးကောင်းရဲ့လားဆိုပြီး ပရိသတ်တွေကလည်း စိတ်ပူနေကြတာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T