အဆိုတော် ဗီဗာဟိန်း လို့ပြောလိုက်တာနဲ့ အသံပါဝါကောင်းကောင်းနဲ့ မြန်မာသံစဥ် တေးသီချင်းများစွာကို သီဆိုထားပြီး သူမတူတဲ့ သီဆိုပုံ ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ အနုပညာရှင်လို့ လူသိများကြပါတယ်။


လွန်ခဲ့တဲ့ (၁၀)လခန့်က ကိုဗစ်ရောဂါဖြင့် ကံဆိုးစွာနဲ့ ကွယ်လွန်သွားခဲ့ကြတဲ့ မိသားစုဝင်များဖြစ်ကြတဲ့ မိဘနှစ်ပါး နဲ့ အစ်ကိုဖြစ်သူ တို့အားရည်စူးကာ အဆိုတော် ဗီဗာဟိန်းမှ ဒီကနေ့ မေလ(၂၈)ရက်နေ့မှာ ရွှေတိဂုံ ဘုရားသို့သွားရောက်ကာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။


အဆိုတော် ဗီဗာဟိန်း ဟာ လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး ကိုယ်ဝန်ကြီးနဲ့တောင်မှ မိဘနှစ်ပါး နှင့် အစ်ကိုဖြစ်သူ အစရှိတဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေအတွက် အလှူဒါနကို သေချာပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာနဲ့ ပတ်သက်လို့ " ဒီနေ့မေကြီးဆုံးတာ၁၀လပြည့်ဖေကြီးမေကြီးနဲ့ကိုကြီးတို့အတွက်ရည်စူးပြီးဘုရားမှာရွှေသက်န်းနဲ့ပန်းရေချမ်းဆီမီးအမွှေးတိုင်ကပ်လှူပီးပဠာန်းရွတ်ဖတ်ပူဇော်ခဲ့ပါတယ်သံဃာတော်အားသက်န်းသစ်သီးနဲ့ဝတ္ထုကပ်လှူပူဇော်ခဲ့ပါတယ်ဤကုသိုလ်ဖေကြီးမေကြီးနဲ့ကိုကြီးတို့ထပ်တူထပ်မျှရကြပါစေအမျှအမျှအမျှယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု " လို့ရေးသားခဲ့ပါသေးတယ်။













