မော်လ်ဒယ် မင်းသမီးချောလေး နော်ဖောအယ်ထားဟာ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်းအောင်မြင်လာခဲ့တဲ့ တစ်ဦးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးကို ပိုင်ဆိုင်ထားတဲ့ နော်ဖောလေးဟာ တမူထူးခြားတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်သလို ကြော်ငြာတွေကိုများစွာကိုလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။


အနုပညာနယ်မှာ ဒီထက်မကအောင်မြင်မှုတွေရရှိတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ မကြာမီမှာတော့ နော်ဖောအယ်ထားပါဝင်သရုပ်ဆောင်ထားတဲ့ " ရင်ထဲက ဒဏ္ဍာရီ"ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ ရှေ့မောက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ နော်ဖောအယ်ထားက ဆရာမလေး ဝတီ အဖြစ် ပါဝင်သရုပ်ထားတာ ဖြစ်ပါတယ်။


ယခုမှာတော့ နော်ဖောလေးက "ရင်ထဲက ဒဏ္ဍာရီ" ဇာတ်လမ်းလေးရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရလေးတွေကို ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါ့အပြင် " ဆရာမလေး ဝတီကို ကြည့်ဖို့ ရယ်ဒီပဲလား " ဆိုပြီး ချစ်စရာကောင်းအောင် ပြောထားခဲ့ပါသေးတယ်။ ကဲ ပရိသတ်ကြီးရေ... ဆရာမလေး ဝတီရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာ ပုံလေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Naw Phaw Eh Htar