အချစ်တတ်ဆုံး စုံတွဲ လို့ ပရိတ်သတ်ကပါ သတ်မှတ်ထားရတဲ့ မြန်မာအနုပညာရှင်စုံတွဲ (၉) တွဲ

//s9.kh1.co/80/802a39d86fc72ca69375a99c28d4a580aaa95d5c.jpg
အနုပညာရှင်များ

 ၂၈-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တစ်ဦးပေါ် တစ်ဦး ဂရုစိုက် ချစ်ခင်လွန်းတတ်တာကြောင့် ပရိတ်သတ်တွေကပါ အားကျရတဲ့...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ချစ်သူရည်းစား ၊ လင်မယား လို့ဆိုလာရင် တစ်ဦး နဲ့ တစ်ဦး ဂရုစိုက်ကြင်နာကာ သစ္စာတရား ၊ ချစ်ခြင်းတရား ၊ နားလည်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပါရမီဖြည့်ဖက်နှစ်ဦး လို့ သိထားကြပြီး မြန်မာနိုင်ငံ ရဲ့ အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း ထိုကဲ့သို့သော အရာတွေနဲ့ပြည့်နှက်ပြီး ပရိတ်သတ်ကအားကျရလောက်တဲ့အထိကို ချစ်ကြင်နာကြတဲ့ စုံတွဲတွေရှိကြပါတယ်။ ဒီကနေ့မှာတော့ ဘယ်အတွဲတွေလည်းဆိုတာပြောပြပေးသွားမှာမို့ ပရိတ်သတ်ကြီးချစ်တဲ့စုံတွဲလေးတွေပါရဲ့လားဆိုတာဖြေပေးသွားကြပါဦးနော်။

(၁) ဇဏ်ခီ နှင့် ခရစ္စတီးနားခီ

အမျိုးသမီးထုကြီးရဲ့ စံပြလို့ဆိုရလောက်အောင်ကို ဇနီးအပေါ် ချစ်ခင်ကြင်နာမှုတွေနဲ့ပြည့်ဝနေသူကတော့ မင်းသား ဇဏ်ခီ ပဲဖြစ်ပါတယ်။ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့မောင်နှံဟာ သားလေးတစ်ဦး ထွန်းကားပြီး အိမ်ထောင်ရေးကို ဘက်ညီစွာ အချစ် နှင့် နားလည်မှု ဖြည့်စွက်ပေါင်းစပ်ကာလျှောက်လှမ်းနေကြတဲ့ စုံတွဲပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၂) နေဝင်း နှင့် အိမ့်ချစ်ချော

ချစ်သူသက်တမ်း (၁၀) နှစ်ကျော် ကြာတဲ့အထိ တွဲလက်မြဲခဲ့ပြီး နောက်ဆုံး အကြင်လင်မယားအဖြစ် ကူးပြောင်းနိုင်ခဲ့သူစုံတွဲကတော့ အဆိုတော် နေဝင်း နဲ့ အိမ့်ချစ်ချောတို့စုံတွဲပဲဖြစ်ပါတယ်။ အိမ့်ချစ်ချောကလည်း နေဝင်း ဆိုးပေခဲ့တည်းက Support အပြည့်အဝပေးခဲ့သလို နေဝင်း ကလည်း အိမ့်ချစ်ချောအပေါ် ဂရုစိုက်ကြင်နာမှုအပြည့်နဲ့ သစ္စာတရား တည်မြဲပြီး အကြင်နာတရားကိုအရင်းခံတဲ့အတွက် ပရိတ်သတ်ကြီးက အခုချိန်ထိအားကျလေးစားနေရတဲ့စံပြစုံတွဲထဲပါဝင်နေတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၃) ပိုင်ဖြိုးသု နှင့် ဏကြီး

အသက်(၉) နှစ်ကွာဟပေမယ့် ချစ်ခြင်းတွေဘယ်တော့မှ ခြားနာခြင်းမရှိခဲ့တဲ့ စုံတွဲလေးကတော့ မင်းသမီးချောလေး ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီး တို့စုံတွဲပါပဲ။ ပိုင်ဖြိုးသုလေးအပေါ် အကြင်နာအကြည့်တွေနဲ့ အမြဲအရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်ပြီး ဂရုစိုက်ကြင်နာလွန်းတဲ့အတွက် ပိုင်ဖြိုးသုလေးရဲ့အချစ်တွေသာမက မြန်မာ့အမျိုးသမီးထုကြီးရဲ့အချစ်တွေကိုပါသိမ်းပိုက်ထားတာကတော့ ဒါရိုက်တာ ကိုဏကြီး ပါပဲ။ သမီးရည်းစား ဘဝမှာတင်သာမက အိမ်ထောင်သည်ဘဝရောက်တဲ့အထိကို ချစ်ခင်ကြင်နာလွန်းတဲ့အတွက် ပရိတ်သတ်ကြီးရဲ့ အားအကျရဆုံး စုံတွဲစာရင်းထဲပါဝင်လာတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၄) R ဇာနည် နှင့် ဝမ်း

ချစ်လွန်းအားကြီးတဲ့အတွက် မိဘတွေရဲ့ ထိန်းချုပ်မှုကို ဆန့်ကျင်ကာ ချစ်ခြင်းတရားကို သက်သေပြခဲ့သူကတော့ အဆိုတော် R ဇာနည် နဲ့ ဝမ်းတို့ စုံတွဲပါပဲ။ R ဇာနည် နဲ့ ဝမ်း ဟာ အိမ်ထောင်သက်တမ်း အတော်ကြာနေပြီဖြစ်ပြီး သားသမီး (၃)ဦးထွန်းကားထားပါတယ်။ တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ကြင်နာပြီး ရင့်ကျက်တည်ငြိမ်တဲ့ချစ်ခြင်းတရား ၊ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ ချစ်ခြင်းတရားကြောင့် ပရိတ်သတ်တွေအကြား အတော်လေးကို ရေပန်းစားနေပြီး အားကျစရာကောင်းလွန်းတဲ့ စုံတွဲစာရင်းထဲပါဝင်လာတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၅) လင်းလင်း နှင့် ချစ်သုဝေ

ချစ်စရာ သမီးလေး နှစ်ဦးနှင့်အတူ အားကျစရာကောင်းလွန်းတဲ့ အိမ်ထောင်ရေး ကို တည်ဆောက်ထားသူ နှစ်ဦး ကတော့ အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေ တို့ စုံတွဲပဲဖြစ်ပါတယ်။ လင်းလင်း နဲ့ ချစ်သုဝေ တို့ဟာ Type သိပ်မတူကြပေမယ့် တစ်ဦး နဲ့ တစ်ဦးအပေါ် အရမ်းကို ဂရုစိုက်တတ်လွန်းပြီး အရမ်းကို ချစ်ကြင်နာကြတဲ့အတွက် ပရိတ်သတ်တွေအကြား ရေပန်းစားပြီး ပြောစမှတ်တွင်ရလောက်အောင်ကို နာမည်ကျော်ကြားလူကြိုက်များတဲ့ ချစ်စရာစုံတွဲလေးပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၆) Cobra နှင့် ခင်မဉ္ဇူခိုင်

အလားတူပဲ မိဘတွေရဲ့ တားဆီးမှုကို လွန်ဆန်ပြီး ချစ်ခြင်းဟာ ဘယ်လောက်လှပလဲဆိုတာ သက်သေပြခဲ့သူ အနုပညာရှင်နှစ်ဦးကတော့ အဆိုတော် Cobra နဲ့ ခင်မဉ္ဇူခိုင် တို့ပဲဖြစ်ပါတယ်။ ချစ်သူဘဝမှာတင် နားလည်မှု ၊ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတာမဟုတ်ပဲ အိမ်ထောင်သည်ဘဝမှာပါ နားလည်မှု ၊ ဂရုစိုက်မှု ၊ မေတ္တာတရား တွေနဲ့ တည်ဆောက်ပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးမှာ သမီးလေး(၂)ဦးထွန်းကားထားတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၇) လွှမ်းပိုင် နှင့် Bobby Soxer

ချစ်သူသက်တမ်း (၁၃)နှစ်ကျော်နေပြီဖြစ်ပြီး အရမ်းကို ရင့်ကျက်တည်ငြိမ်တဲ့ ချစ်ခြင်းတရားကို သစ္စာတရား အရင်းခံကာ တည်ဆောက်ထားတာကြောင့် ပရိတ်သတ်တွေရဲ့ အားအကျရဆုံး စုံတွဲ စာရင်းထဲ ပါလာတာကတော့ ဘိုပိုင်ကြီး လို့ခေါ်ကြတဲ့ အဆိုတော် လွှမ်းပိုင် နဲ့ Bobby Soxer တို့ စုံတွဲပဲဖြစ်ပါတယ်။ အကြိုက်လည်းတူပြီး တစ်ဦးနဲ့တစ်ဦး Support လုပ်ပေးကာ ချစ်ခင်ကြင်နာပေးမှုတွေကြောင့် ပရိတ်သတ်ကြီးက သူတို့ရဲ့ ချစ်ခြင်းတရားကို အားကျနှစ်ခြိုက်နေကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၈) ကျော်ထွဋ်ဆွေ နှင့် နန်းသူဇာ

ခပ်မိုက်မိုက်စကားလုံးတွေနဲ့ ခုချိန်ထိတိုင် (၁၁) နှစ်ကျော်ကြာ ချစ်သူ သက်တမ်း ရှိတဲ့ နန်းသူဇာ လေးကို ချုပ်ထားသူကတော့ အဆိုတော် ကျော်ထွဋ်ဆွေပါပဲ။ သူတို့နှစ်ဦးစလုံးဟာ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးကြပြီး ဂရုစိုက်ကြင်နာလွန်းတတ်တဲ့ အမူအကျင့်တွေကြောင့် ပရိတ်သတ်တွေက သတိထားမိပြီး အားကျလေးစားရတဲ့ စုံတွဲတစ်တွဲအဖြစ် လူသိများလာတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

(၉) ကောင်းပြည့် နှင့် သန္တာဗိုလ်

ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ကာလနဲ့အတူ ချစ်ခြင်းတရား ၊ သစ္စာတရား ၊ ဂရုစိုက်ကြင်နာမှုတွေနဲ့ ကောင်းမွန်တဲ့အချစ်ရေး ကိုတည်ဆောက်ထားသူကတော့ မင်းသား ကောင်းပြည့် နဲ့ သန္တာဗိုလ် တို့ စုံတွဲပဲဖြစ်ပါတယ်။ သက်တမ်းကြာသည်အထိ တစ်ဦးအပေါ်တစ်ဦး အချစ်မပြယ်ပဲ ပိုပိုတိုးလာတဲ့အချစ်တွေကြောင့် ပရိတ်သတ်တွေကအားကျလေးစားရတဲ့စုံတွဲတွေထဲ ပါဝင်လာကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T