ဘုရားကို လိုချင်လောဘနဲ့ ဘယ်တော့မှ မရှီခိုးဘူး လို့ ပြောပြလာတဲ့ မြတ်သူသူ...

//s9.kh1.co/06/06cbadb54b1a4a2431a295a5effa6390456dba20.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အဲ့ဒီရဲ့အကျိုးဆက်ကပဲ ကိုယ့်ကို အဆင်ပြေချောမွေ့အောင် အများကြီးပံ့ပိုးပေးနေတာလို့ ယုံကြည်တယ်...

မြတ်သူသူ ဆိုတဲ့ MRTV4 မင်းသမီးလေးကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/67/67f52b72df898a89c4711e99114f2fab3da0d95a.jpg

မြညို လို့ နယ်ဘက်ကလူတွေ အသိများခဲ့တဲ့ သဘာဝမင်းသမီးလေး မြတ်သူသူဟာ ညိုညိုချောချောလေးနဲ့ စကားပြောပွင့်လင်းရိုးသားသူပါ။

ဘယ်ဇာတ်ကားမှာမဆို ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့လို့ပရိတ်သတ်အချစ်တွေနဲ့ အားပေးမှုကိုရရှိထားသူလေးပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/c6/c6addcacf64387e3b1c917928fd2a025b441f202.jpg

အခုနောက်ပိုင်းမြတ်သူသူတစ်ယောက် အရင်ထက်ပိုပြီးပြည့်လာတာကို သတိထားမိကြမှာပါ။

https://s9.kh1.co/__image/w=650,h=596,q=100/64/6462a94077d8674fd4b06daeeca6093536cd2474.jpg

ချစ်တဲ့သူတွေကတော့ပြည့်ပြည့်လေးနဲ့ ချစ်စရာလေးစိတ်ချမ်းသာလို့ထင်တယ်လို့ ပြောကြပေမယ့် တစ်ချို့သူတွေကတော့ သူရဲ့ ခန္ဓာကိုယ်အပေါ် ဝေဖန် မှုတွေ ရှိလာခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=918,q=100/c7/c7c28f23c03763112f25f1bb5b4011ef254489ca.jpg

ဒီလို ‌ဝေဖန်မှုတွေကိုလည်းသူမက ပညာပါပါနဲ့ ပြန်လည်ပြောဆိုခဲ့ပြီး သူမရဲ့ ကျန်းမာရေးအခြေနေကိုပါ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1095,q=100/65/651a7b97b4195e84c74d8660bd8801a053f43995.jpg

အခုလည်းသူမစပြီးဝိတ်ချနေပြီဆိုတာ သူမရိတ်သတ်တွေလည်းသိပြီးသားနေမှာပါ။ သူမဟာစိတ်ထားလေးကောင်းရုံတင်မကပဲ ဘဝပေးလည်းကံကောင်းသလို ချစ်သူရဲ့ ချစ်ခြင်းမေတ္တာကိုလည်းလက်ရှိမှာ အများကြီးပိုင်ဆိုင်ခွင့်ရထားသူပါ။ ဒီလို သူမဘဝလေးအေးချမ်းသာယာနေတာဟာ သူမရဲ့ ဘုရားတရားအပေါ် အဖြူစင်ဆုံး ကိုင်းရှိုင်းမှုတွေကြောင့်လည်းပါပါလိမ့်မယ် နော်... သူမဘယ်လိုမျိုး ဘုရားတရားအပေါ်ယုံကြည်သက်ဝင်တယ်ဆိုတာကို အခုလိုမျိုးလေး သူမရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်...

"ခုနောက်ပိုင်း အသက်ကြီးလာတော့ ပိုသိလာပါပြီ အရင်ထဲကလည်း လိုချင်လောဘနဲ့ ဘုရားမရှိခိုးဘူး အဓိဌာန်မပြုခဲ့ဘူး

ကိုးကွယ်ယုံကြည်မှုရယ် စိတ်တည်ငြိမ်အောင်ရယ်သာ

လေးလေးစားစားနဲ့ အမြဲဝတ်ပြုပူဇော်တယ်

ဘုရားဝတ်တက်တိုင်း တရားနာလာကြတဲ့ ၃၁ ဘုံသားအားလုံးကို စိတ်ထဲက အသိအမှတ်ပြု မေတ္တာပို့ မေတ္တာခံယူ အမျှဝေပေးပြီး သာဓုခေါ်စေတယ်

အဲ့ဒီရဲ့အကျိုးဆက်ကပဲ ကိုယ့်ကို အဆင်ပြေချောမွေ့အောင် အများကြီးပံ့ပိုးပေးနေတာလို့ ယုံကြည်တယ်

ဆုတောင်းတွေပြည့်ရတိုင်း ကြည်ညိုသဒ္ဓါပွားမိသလို

ခုထက်ပို မိမိဝန်းကျင်အတွက် သာသနာအတွက် တန်ဖိုးရှိတဲ့အကျိုးပြုနိုင်သော လူသားတယောက်ဖြစ်ချင်ပါတယ် "

ကဲ မြတ်သူသူလေးကို အမြဲချစ်ပေးပြီး အားပေးနေတဲ့ပရိတ်သတ်တွေရှိကြလား?...

Source from Myat Thu Thu 's Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T