ဆုပန်ထွာဆိုတဲ့ နာမည်ကြီး မင်းသမီးကြီးကို အားလုံးပဲမှတ်မိကြဦးမယ်ထင်ပါတယ်။ သူမစစပေါ်ခါစက ဆံပင်အရှည်ကြီးနဲ့ ညိုညိုစိမ့်စိမ့်လေးမလို့ ညိုချောလေးလို့ပရိတ်သတ်တွေကတောင်နာမည်ပေးထားခဲ့ကြပါသေးတယ်နော်။

အရင်က သီချင်းတွေ ရုပ်ရှင်တွေမှာ တော်တော်များများပါဝက်သရုပ်ဆောင်ခဲ့သလို အခုလိုပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ပြီးနောက်ပိုင်းမှာတော့ အရင်ကထက် အနုပညာလှုပ်ရှားမှုနည်းသွားပေမယ့်လည်း ဆက်လက် ရိုက်ကူးနေဆဲပါ။

မကြာသေးခင်က ပဲ ရခဲ့သမျှအရာရာဆိုတဲ့ ဆိုတဲ့ ကားလေးထဲမှာ မိခင်တစ်ယောက်နေရာကတစ်မျိုး ဆေးကျောင်းသူ မလေးတစ်ယောက်နေရာကတစ်ဖုံသရုပ်ဆောင်ခဲ့ပါသေးတယ်။

သူ့မှာသူ့ကို သိပ်ချစ်တဲ့ ယောက်ျားနဲ့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရှိပါသေးတယ်။

သူ့အမျိုးသားကိုဥက္ကာက မပန်ကိုဘယ်လောက်ချစ်လဲဆိုရင် ချစ်လွန်းလို့ အချစ် ရူးကြီးဖြစ်တောင်ဖြစ်နေပြီလို့ သူ့ရဲ့ Facebookစာမျက်နှာမှာ သူတို့ ကြည်နူးနေတဲ့ ပုံလေးတွေနဲ့ အတူရေးသားခဲ့ပါတယ်။

ကဲဘယ်လောက်တောင်အချစ်ခံရတဲ့မပန်လည်းနော် ...

Source from Okkar Kyaw's Facebook
Photos credit from Facebook





