သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးဆိုတဲ့ ဆောင်းဦးလှိုင်

//s9.kh1.co/01/011a098bd71dd052761e802942eb4095ec29d750.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

သူ့သီချင်းအားလုံးက သူ့ရင်သွေးဖြစ်တာကြောင့် အရမ်းကို တန်ဖိုးထားပါတယ်တဲ့ ...

ဆောင်းဦးလှိုင် ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် လျှောက်လှမ်းလာခဲ့တဲ့ နာမည်ကျော် Pop အဆိုတော်တစ်‌ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

Photo Credit : Song Oo Hlaing's FB Acc
Photo Credit : Song Oo Hlaing's FB Acc

သူဟာ ဆေးပညာဘွဲ့ရတစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေး Album ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင်သံစဉ်နဲ့ ကိုယ်ဟန်နဲ့ အသံအေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo Credit : Song Oo Hlaing's FB Acc
Photo Credit : Song Oo Hlaing's FB Acc

အခုခေတ်မှာ Cover song သီဆိုတဲ့သူတွေ များပြားလာတာကြောင့် ဆောင်ဦးလှိုင်က သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးဆိုပြီး ပြောလာတာဖြစ်ပါတယ်။ ဆောင်ဦးလှိုင်က “

“ မျှော်လင့်ချက်တစ်စုံတစ်ရာ “

ဂျပန်အမျိုးသမီး အဆိုတော်ဟာ ရန်ကုန်မှာပွဲလုပ် ခဲ့ဖူးပါတယ်။ ကျွန်တော့်ဆီက ခွင့်တောင်းပြီးမှ ဆိုတာပါ။ ဂျပန်လို ဘာသာပြန်ပြီး အနည်းငယ်ဆိုခွင့်ပြုဖို့ပါ ခွင့်တောင်းခဲ့ပါတယ်။ ခွင့်ပြုခဲ့ပါတယ်။ ကြွားဝါတာတွေ ဘယ်တော့မှ ရေးတင်လေ့မရှိလို့ လူအများမသိကြပါ။ ကျွန်တော့်ကိုယ်ပိုင်သံစဉ် Original Songs တွေကို  လူအများစုက တန်ဖိုးထားကြပါတယ်။

Photo Credit : Song Oo Hlaing's FB Acc
Photo Credit : Song Oo Hlaing's FB Acc

အလွန်တရာယုတ်ညံ့သူတချို့သာ အပုတ်ချသူချ၊ အသုံးချ ကိုယ်ကျိုးရှာသူရှာ လုပ်ခဲ့ကြတာပါ။ Google နဲ့ YouTube ဟာ သီချင်းတွေ ကိုယ်ပိုင်သံစဉ်ဟုတ်မဟုတ် နည်းပညာနဲ့စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်တဲ့ခေတ်ကြီးပါ။ ကျွန်တော့် Own Tune တွေ အဟောင်းရောအသစ်ပါ တစ်ပုဒ်မှ Copyrights နဲ့မငြိပါ။ ဆိုလိုတာက Original songs ( မြန်မာအခေါ် Own Tune ) လို့ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit : Song Oo Hlaing's FB Acc
Photo Credit : Song Oo Hlaing's FB Acc

 မျှော်လင့်ချက်တစ်စုံတစ်ရာကို မြန်မာအဆို မြန်မာစာသားနဲ့မကြားရတာကြာခဲ့ပြီမဟုတ်ပါလား ?? ( အထူးသဖြင့် Live shows & cover songs ) အဖြေကရှင်းပါတယ်။ ကျွန်တော်ခွင့်မပြုတော့လို့ပါ။ အများအကျိုးအတွက် ခွင့်ပြုချက်တောင်းလာတဲ့ အခါမှသာ စဉ်းစားပါမယ်။ ကျွန်တော့်သီချင်းအားလုံးကျွန်တော့်ရင်သွေးများ ဖြစ်ပါကြောင်း။ အလွန်တန်ဖိုးထားပါကြောင်း။

ဆောင်းဦးလှိုင် May 25th 2022” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit : Song Oo Hlaing's FB Acc
Photo Credit : Song Oo Hlaing's FB Acc

Source : Song Oo Hlaing's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T