အသက်ငယ်ပေမယ့် သူ့အပေါ်ဂရုစိုက်ကြင်နာတတ်တဲ့ ချစ်ခင်ပွန်းသည်ရဲ့အကြောင်းကို ဖွဲ့နွဲ့ဖော်ကျူးထားတဲ့ ဘေဘီမောင်

//s9.kh1.co/f7/f79a2ec5d6020a7208c181960a761f461a597975.jpg
အနုပညာရှင်များ

 ២៤-ឧសភា-២០២២ ២ល្ងាច · ៤ ឆ្នាំមុន

.

အဆိုတော် သားဂန်း နှင့် မင်းသမီး ဘေဘီမောင် တို့ရဲ့ မနဲ့မောင်နဲ့ ဇနီးမောင်နှံနှစ်ဦးကတော့ တကယ့်ကို ချစ်ခင်အားကျစရာကောင်းတဲ့ အတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုရှိကြပြီး ဂရုတစိုက်ရှိကြတဲ့ ကြင်နာမှုတွေကြောင့် ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားပြီးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

Photo Credit - Thandar Zaw
Photo Credit - Thandar Zaw
Photo Credit - Thandar Zaw
Photo Credit - Thandar Zaw

ဒါ့အပြင် နှစ်ယောက်စလုံးကလည်း လိုက်ဖက်နေသလို အလှူအတန်းတွေကိုလည်း စိတ်တူကိုယ်တူ ရက်ရက်ရောရော လှူဒါန်းပေးတာတွေ့ရပါတယ်။ ယခုဆိုရင် ဘေဘီမောင်က သူတို့ဘဝအတွက်တကယ့်ကို အရေးပါလှတဲ့ ရင်သွေးလေးကို လွယ်ထားပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က လူမှုကွန်ယက်မှာ ခင်ပွန်းသည် သားဂန်းနှင့် ပတ်သက်ပြီး ကြည်နူးအားကျစရာလေးကို ဖော်ကျူး ဖွင့်ဟထားတာ တွေ့ရပါတယ်။

Photo Credit - Thandar Zaw
Photo Credit - Thandar Zaw
Photo Credit - Thandar Zaw
Photo Credit - Thandar Zaw

ဒါကတော့ အမြဲတမ်းဂရုစိုက်ပြီး အရမ်းချစ်တတ်တဲ့ ခင်ပွန်းသည်ဆီကနေ သူမ ရရှိလိုက်ရတဲ့ စိတ်ချမ်းသာမှုလေးတွေကို စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့ကာ ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေကတော့ အကြင်နာ ၊မေတ္တာ ၊အချစ် ၊သစ္စာတွေကိုပုံအောပေးတဲ့ယောကျာ်းတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကို အားကျခဲ့ရပြီး ဂုဏ်ပြုပေးထားကြတာ တွေ့ရပါတယ်။ သားဂန်း နှင့် ဘေဘီမောင်တို့ရဲ့ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ထောင်ရေးကို Myanmarload ပရိသတ်တွေအားကျချစ်ခင်မယ့်လို့လည်း မျှော်လင့်မိပါတယ်။

Photo Credit - Thandar Zaw
Photo Credit - Thandar Zaw

သတင်း အရင်းအမြစ် Source - Thandar Zaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T