Song Hye Kyo နဲ့ ကွာရှင်းပြီးနောက်မှာ ပိုပြီးပျော်နေတယ်လို့ အပြောခံနေရတဲ့ Song Joong Ki

//s9.kh1.co/0a/0ab8bb1b657212d97fbd2ca4cfbd99a4b2216a97.jpg
အနုပညာရှင်များ

 ၂၄-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

Song Hye Kyo နဲ့ ကွာရှင်းပြီးနောက်မှာ ပိုပြီးပျော်နေတယ်လို့ အပြောခံနေရတဲ့ Song Joong Ki

Song Song Couple လို့ လူသိများတဲ့ တောင်ကိုရီးယား နာမည်ကြီး စုံတွဲလေးဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ စုံတွဲလေးဟာ လူတိုင်း အားကျရတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့ အတွဲက လိုက်ဖက် ညီလွန်းလို့ နှစ်ဦးသား လက်ထပ်ခဲ့တုန်းကဆိုရင် တစ်ကမ္ဘာလုံးက လျှမ်းလျှမ်းတောက် အားပေးခဲ့ကြပါတယ်။

Google
Google

ဒါပေမယ့်လည်း အရမ်းချစ်ရတဲ့ သူတို့ နှစ်ဦးလေးက လွန်ခဲ့တဲ့ ၃ နှစ်အကြာက လမ်းခွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦး လမ်းခွဲခဲ့တဲ့ သတင်းကလည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။ လမ်းခွဲပြီးနောက်မှာလည်း Song Song Couple က အပြုံးမပျက်ဘဲ ဘာမှ မဖြစ်ခဲ့ကြသလို ဆက်လက်ပြီး ပျော်ရွှင်နေကြတုန်းပဲ ဖြစ်ပါတယ်။

Google
Google

Song Song Couple ကွာရှင်းပြီးတဲ့နောက်မှာလည်း  အင်တာနက် အသုံးပြုသူတွေက သူတို့ နှစ်ဦးရဲ့ သတင်းကို ဆက်လက်ပြီး ရှာဖွေ ဖော်ထုတ်နေကြတုန်းပဲ ဖြစ်ပါတယ်။ ရှာဖွေ ဖော်ထုတ်ချက်တွေ အရ Song Hye Kyo က သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး သိုသို သိပ်သိပ်နဲ့ လျိူ့ဝှက်ထားတဲ့ ပုံစံ ဖြစ်ပေမယ့် Song Joong Ki ကတော့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ သူ့ရဲ့ ဘဝကို ဖြတ်သန်းနေ တာကို တွေ့ရှိရပါတယ်။ Dating news တွေ ထွက်နေခဲ့ပေမယ့် Song Joong Ki  ကတော့ အခုအချိန်ထိ တွဲနေတဲ့ ကောင်မလေးရယ်လို့ မရှိသေးပါဘူး။

Google
Google
Instagram
Instagram

ကွာရှင်းပြီးနောက်မှာ Song Joong Ki က လက်ထက်ထားခဲ့စဉ်က ရရှိခဲ့တဲ့ ပရောဂျက်တွေထက် အသစ်တွေ ပိုပြီး ရရှိလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Song Joong Ki က သူ့ရဲ့ ဇနီးဟောင်း Song Hye Kyo ကို ကျော်ပြီး နံပါတ် ၄ နေရာမြောက် ဈေးနှုန်း အမြင့်ဆုံး အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။

Google
Google
Instagram
Instagram
Instagram
Instagram

Song Joong Ki က Song Hye Kyo နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ဘဝက ပိုပြီးပေါ့ပါး လွတ်လပ်လာပြီး အရင်ကထက် ပျော်ရွှင်နေတယ်လို့ လည်း အင်တာနက် အသုံးပြုသူတွေက ယူဆထားကြပါတယ်။Song Joong Ki လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဓာတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Instagram
Instagram
Instagram
Instagram
Instagram
Instagram
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T