သေဆုံးသွားပြီဖြစ်တဲ့ Tangmo ရဲ့ Facebook အကောင့်ကို လက်ရှိမှာ ဘယ်သူသုံးပြီး ပုံတွေတင်နေတာလဲ

//s9.kh1.co/f7/f7d1db19aa7955ea24f0ea83bbfb4cbff7f7547f.jpg
အနုပညာရှင်များ

 ၂၄-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Tangmo ရဲ့ ဖုန်းက သူ့အမေဆီမှာရှိပေမယ့် ဖုန်း Password တောင် မသိဘူးတဲ့ .. သူ့သူငယ်ချင်းတွေကပဲ ….

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Tangmo ကတော့ မတ်လ (၂၄) ရက်နေ့ထဲက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့သေဆုံးမှုက သာမန်မဟုတ်ဘဲ လုပ်ကြံခံရတာလို့ ယုံကြည်နေကြပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တရားခံကို မတွေ့ဘဲ အမှုကို ရုတ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official

အခုရက်ပိုင်းမှာလည်း Tangmo ရဲ့ သတင်းက ပြန်ပြီး နာမည်ကြီးလာပါတယ်။ အကြောင်းအရင်းကတော့ Tangmo ရဲ့ Facebook ကနေ ဓာတ်ပုံတွေ၊ Video တွေ တင်နေလို့ပဲ ဖြစ်ပါတယ်။ ပထမဆုံး Post ကတော့ “သမီးချစ်ပြီး ယုံကြည်ရတဲ့ သူငယ်ချင်းကနေ သမီးအနိုင်ကျင့်တာ ခံရတယ်လို့ ” ဆိုပြီး လှေပေါ်မှာ ရိုက်ခဲ့တဲ့ ပုံကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Post ကို မြင်ပြီး Tangmo အမေ ရှေ့နေကတော့ “ ပုံကိုဘယ်သူတင်နေတာလဲမသိဘူး၊ တင်တဲ့သူက Tangmo အမေလည်း မဟုတ်ဘူး၊ သူက Fb လည်း မသုံးတတ်ဘူး၊ Account ကို Hack ပြီး တင်နေတဲ့သူကိုလည်း တရားစွဲမယ်လို့” ရှေ့နေက Post တင်ထားပါတယ်။

Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official

အရင်တစ်ပတ်ကမှ ရဲက Tangmo ရဲ့ ဖုန်းကို သူ့အမေဆီကို ပေးခဲ့ပေမယ့်လည်း သူ့အမေကပြောတာတော့ “Tangmo ရဲ့ ဖုန်း ဘယ်ကိုရောက်သွားမှန်း မသိဘူး” လို့ ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေကလည်း Tangmo ရဲ့ အခုတတ်နေတဲ့ ပုံတွေ Video တွေက သူတင်နေတာလားလို့ မေးလိုက်တဲ့ အခါမှာတော့ “သူတင်တာမဟုတ်ဘူး၊ FB တောင် သူမသုံးတတ်ဘူး၊ Tangmo ရဲ့ ဖုန်း Password နံပါတ်တောင် မသိဘူး၊ သူ့သူငယ်ချင်း(၃)ယောက်ပဲ သိကြတာတဲ့” လို့ ဖြေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=509,q=100/d3/d3cbd57ff0bd1ab173fcfc8ffe1688562e5ec98b.png

အားလုံးကတော့ Hacker တစ်ယာက်က hack ခဲ့တာ ဖြစ်ပြီး အဲ့ပုံတွေ Video တွေ တင်လိုက်တယ်လို့ ထင်ကြပေမယ့် အဲ့ ပုံတွေကို Hacker က ဘယ်ကရခဲ့တာလဲဆိုတာကို စဉ်းစားနေကြတာ ဖြစ်ပါတယ်။ မနေ့ကလဲ Tangmo ရဲ့ အမေက “Tangmo ကိုယ်တိုင် အဲ့ post တွေကို တင်ထားတာနေမှာ၊ ဟိုတလောကမှ ဗေဒင်ဆရာက Tangmo က အေးတယ်၊ ဗိုက်ဆာတယ်လို့ ပြောတယ်၊ သူလာလိုက်တိုင်း ဟားဟားဟား ရီတယ်လို့” ဗေဒင်ဆရာက သူ့အမေကို ပြောပါတယ်။

Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official
Photo Credit : Happy Melon official

လက်ရှိမှာတော့ Tangmo ရဲ့ Account ကို ဘယ်ကသုံးနေတာလဲလို့ လူအများက စဉ်းစားပြီး မေးခွန်းတွေ ထုတ်နေကြတာ ဖြစ်ပါတယ်။ တင်ထားတဲ့ အသံဖိုင်တွေ၊ Photo တွေ၊ Video တွေကလည်း Tangmo ရဲ့ ဖုန်းထဲမှာသာရှိပြီး တခြားဘယ်သူ့ဆီမှာမှ မရှိသလို FB ပေါ်မှာလည်း တစ်ခါမှ မတင်ခဲ့ဘူးတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်းရဲတွေက တင်နေတဲ့သူတွေကို စုံစမ်းစစ်ဆေးပေမယ့် ရှာလို့မတွေ့သေးဘူးလို့ ဆိုပါတယ်။

Source : Thai Speaking

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T