သူမအဖေရဲ့ သီချင်းတွေကို Cover Song ဆိုခွင့်မပြုဘူးဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သမီးဆိုင်စံ

//s9.kh1.co/d1/d17576dad26da6c7838c233bc17956a1c3dfb49d.jpg
အနုပညာရှင်များ

 ၂၃-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

အပျော်သဘော တီးခတ်ဆိုပြီး FB မှာ တင်လို့ရပေမယ့် Studio မှာ တီးခတ် အသံသွင်းထားတာ တွေရှိရင်တော့ ပြန်ဖြုတ်ချပေးပါတဲ့ …

တစ်ခေတ်တစ်ခါက နာမည်ကျော်ရေပန်းစားခဲ့တဲ့ တေးသံရှင်ကြီး ဦးစိုင်းထီးဆိုင်ကတော့ လူဆုံးသွားပေမယ့် နာမည်မဆုံးသေးတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဦးစိုင်းထီးဆိုင်ရဲ့ သီချင်းတွေဖြစ်တဲ့ “ချစ်တာတစ်ခုတည်းသိတယ်၊ ချစ်ရီကိုသာ  ပန်ပါကွယ်၊ ချစ်သူလမ်းကြား၊ သံလွင်ချောင်းခြား၊ နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်” စတဲ့ သီချင်းတွေက ယနေ့အချိန်ထိ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေသည်ထိကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

“ရွှေဥသြ” ရယ်လို ပရိသတ်က ချစ်စနိုးနဲ့ ခေါ်ကြရတဲ့ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံကတော့ ဖခင်ရဲ့ ဂီတ အမွေကို ဆက်ခံကာ တေးသီချင်းများစွာကို သူမရဲ့ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဖန်တီးလျက်ရှိပါတယ်။ တကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတဲ့ ဆိုင်းစံက ပထမအခွေမှာတော့ ဖခင်ရဲ့သီချင်းတွေကို သူမရဲ့ ကိုယ်ပိုင်ဟန်နဲ့ သီဆိုခဲ့တာ ဖြစ်ပြီး ဒုတိယအခွေ ဆုတောင်းအယ်လ်ဘမ် မှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့ သီဆို ဖန်တီးထားတာဖြစ်ပါတယ်။

Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc

ဆိုင်းစံကတော့ ဒီနေ့မှာတော့ သူမအဖေရဲ့ သီချင်းတွေကို Cover Song ဆိုခွင့်မပြုဘူးဆိုတဲ့ အကြောင်းကို “ ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း

(ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)

Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook, You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး

Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc
Photo Credit : hseng sam's FB Acc

တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်

ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ်

တေးသံရှင်စိုင်းထီးဆိုင်မိသားစု

မှတ်ချက်။   ။ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်

ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Source : hseng sam's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T