ညီအစ်ကို အရင်းတွေလိုချစ်ကြတဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့တဲ့ ထက်ယံ

//s9.kh1.co/6d/6d242b82f59e5ef5b461f77c887f8895274caa2e.jpg
အနုပညာရှင်များ

 ၂၃-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဘဲကြီးတွေအားလုံးက ချစ်ဖို့ ကောင်းလိုက်ကြတာ ... တစ်ယောက်နဲ့ တစ်ယောက် အမြဲဖေးမကူညီနေကြတာ ....

ဂီတလောကမှာ သီချင်းတွေကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုတတ်တဲ့ အဆိုတော်ထက်ယံကတော့ မကြာသေးမီက သူချစ်ရတဲ့ ပပဝတီလေးနဲ့ လက်ထပ်ခဲ့ပြီး ဘဝသစ်တစ်ခုကို တည်ဆောက်ခဲ့ပြီပဲဖြစ်ပါတယ်။ ထက်ယံက အချစ်ရေးနဲ့ ပတ်သက်ရင် ပရိသတ်ကို ချပြလေ့မရှိတာကြောင့် သူမင်္ဂလာဆောင်သွားတဲ့ အချိန်မှာ ပရိသတ်တွေက အံ့ဩနှမြောနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 

ထက်ယံရဲ့ မင်္ဂလာပွဲသတင်းကလည်း  ပရိသတ်တွေကြား နာမည်ကြီးနေလျက်ရှိပြီး အခုချိန်အထိကို လူစိတ်ဝင်စားမှုရရှိနေတာပဲဖြစ်ပါတယ်။ ထက်ယံက မင်္ဂလာပွဲကို သူရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့သာ အကျဉ်းချုံး ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 

ထက်ယံရဲ့ မင်္ဂလာဧည့်ခံပွဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ X Box နဲ့ ရဲရင့်အောင်တို့က သတို့သားအရံတွေအဖြစ် ကူညီအားဖြည့်ပေးခဲ့ ကြပါတယ်။ သူငယ်ချင်းတွေကို ညီအစ်ကိုအရင်းတွေလိုခင်တဲ့ ထက်ယံကတော့ သူငယ်ချင်း ၃ ယောက် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူ “လူကြမ်းအဖွဲ့မှ လူချောကြီးများ ??????”  ဆိုတဲ့ စာသားလေးနဲ့ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။  ထက်ယံရဲ့ မင်္ဂလာပွဲက သူငယ်ချင်းတစ်စုရဲ့ အမှတ်တရဓာတ်ပုံတွေကိုပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc 
Photo Credit : Htet Yan's FB Acc
Photo Credit : Htet Yan's FB Acc

Source : Htet Yan's FB Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T