မေပန်းချီဆိုတဲ့ ချစ်စရာကောင်တဲ့ မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ သိပ်ကို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်လှလှ ခန္ဓာကိုယ်လေးကြောင့် အရင်က လူသိများခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာ အပြုံးချိုချိုလေးနဲ့ Live Sale လေးတွေရောင်းခဲ့တာကြောင့်လူသိများခဲ့သူဆိုရင်လည်းမမှားပါဘူးနော်...

ကျက်သရေရှိတဲ့ အလှနဲ့ လုံးကြီးပေါက်လှတဲ့သူမဟာ တစ်ခြားမိန်းကလေးတွေလိုတော့ မပိန်သွယ်ပေမယ့်လည်း ခပ်မိုက်မိုက် Body ကြောင့်လူကြိုက်ပိုလို့များလာခဲ့ပါတယ်.

မိခင်ကြီးရှိစဉ်ကတည်းက မိဘနဲ့မိသားစုကိုလုပ်ကျွေးခဲ့တဲ့ သူတော်ကောင်းမလေးဆိုရင်လည်းမမှားပါဘူးနော်...
မိသားစုနဲ့အပေါ် အရမ်းချစ်တတ်တဲ့ သူမဟာ သူမရဲ့ညီမလေးဖြစ်သူအပေါ်မှာလည်း အရမ်းကို အမကြီးအမိရာဆိုသလို ချစ်ခင်ကြင်နာပေးသူပါ။
အခုလည်းအသံချိုချိုလေးနဲ့ မောင်မငိုရဘူး နော် သီချင်းကို ဂစ်တာလေးတီးပြီး သီဆိုနေတဲ့ သူ့ညီမလေးရဲ့ video ကို အခုလို ဝေမျှခဲ့ပါတယ်...
ကဲ ဘယ်လောက်နားထောင်ကောင်းလိုက်လဲ? အသံရော လူလေးပါ ချစ်စရာလေးနော်...

Source from May Pache's facebook
Photos credit from facebook