၂၀၀၀ ပြည့်နှစ်တုန်းက DVD အခွေတွေဝယ်ပြီးကြည့်ခဲ့ကြတဲ့ ပါဝါရိန်းဂျားကားတွေထဲက ပါဝါရိန်းဂျားအနီကောင်တစ်ကောင်ဟာ ငွေကြေးအလွဲသုံးစားလုပ်မှုတွေနဲ့ တရားစွဲခံထားရပါတယ်။သူဟာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိပြသခဲ့တဲ့ Mighty Morphin ပါဝါရိန်းဂျားဇာတ်လမ်းတွဲမှာ အနီကောင်အဖြစ်သရုပ်ဆောင်ခဲ့သူ Austin St.John ပါ။

တစ်ယောက်တည်းတရားစွဲခံရတာမဟုတ်ပဲ တခြားအပေါင်းအပါတွေနဲ့အတူတူ အမေရိကန်အစိုးရရဲ့ CARE ပရိုဂရမ်ကရန်ပုံငွေတွေကို ခိုးယူသုံးစွဲဖို့ Paycheck Protection Program မှာချေးငွေလျှောက်လွှာတွေကို လိမ်လည်ဖြည့်သွင်းမှုတွေကြောင့် ဖမ်းခံခဲ့ရတာပါ။အဲ့နောက်ရလာတဲ့ပိုက်ဆံတွေကို Michael Hill နဲ့ Andrew Moran ဆိုတဲ့ဦးဆောင်သူနှစ်ယောက်စီပေးပို့ခဲ့ပါတယ်တဲ့။

St.John တစ်ယောက်တည်းကတင် PPP ကနေ ဒေါ်လာလေးသိန်းလောက် တရားမဝင်ရယူထားခဲ့ပြီး သူဟာထောင်ဒဏ်နှစ် ၂၀ လောက်ထိကျခံရနိုင်တယ်လို့လည်းသိရပါတယ်။စုစုပေါင်းလိမ်လည်ခဲ့တဲ့ငွေဟာ ဒေါ်လာ ၃သန်းခွဲလောက်ထိရှိပါတယ်တဲ့။

St.John ရဲ့ရှေ့နေကတော့ သူ့မှာအပြစ်မရှိကြောင်းကို "တရားစွဲထားတာနဲ့တင် အပြစ်ရှိတယ်လို့မဆိုလိုပါဘူး။တရားပြိုင်တွေအားလုံးက လုံးဝအပြစ်ကင်းစင်ပြီး မစ္စတာ St.John ကလည်း ဒီသက်သေမရှိစွပ်စွဲမှုကြီးကနေလွတ်မြောက်ဖို့ ကြိုးစားသွားမှာပါ"လို့ထုတ်ပြန်ထားပါတယ်။

St.John ဟာလက်ရှိချိန်မှာ အသက် ၄၇ နှစ်ရှိနေပါပြီ။ပါဝါရိန်းဂျားဇာတ်လမ်းတွဲတော်တော်များများမှယ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၂၀ တုန်းက Power Rangers Beast Morphers ဆိုတဲ့ Show တစ်ခုမှာလည်း ပါဝင်ခဲ့ပါသေးတယ်။





