လီမင်ဟိုနဲ့ တရားဝင်တွဲခဲ့ဖူးတဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသမီး နှစ်ယောက်

//s9.kh1.co/ac/aca13c883dafa7e08eaf1d57f16e13a3a1179d11.jpeg
အနုပညာရှင်များ

 ၂၁-မေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

လီမင်ဟိုနဲ့ တရားဝင်တွဲခဲ့ဖူးတဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသမီး နှစ်ယောက်

တောင်ကိုရီးယားနာမည်ကြီး မင်းသား လီမင်ဟိုဟာဆိုရင် နာမည်ကြီးသလောက် အခုထိ မစွံရှာသေးတဲ့ လူပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။ လီမင်ဟိုက အခုချက်ချင်းကောက်ယူရင် ကောင်မလေးတစ်ယောက် အေးဆေး ရနိုင်တယ်ဆိုပေမယ့် သူ့ရဲ့ စံသတ်မှတ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ လီမင်ဟိုက လက်ရှိမှာ လူပျိုကြီးဆိုပေမယ့် သူတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေကလည်း တကယ့် အလှလေးတွေပဲ ဖြစ်ပါတယ်။ ရှာဖွေ စုံစမ်းမှုတွေအရ လီမင်ဟိုက အခုအချိန်အထိ ကောင်မလေး  ၅ ယောက်နဲ့ တွဲခဲ့ဖူးတယ်လို့ သိရပါတယ်။

Google
Google
Google
Google

လီမင်ဟိုက ကောင်မလေး ၅ ယောက်ထဲမှာ ကောင်မလေး ၂ ယောက်နဲ့ တွဲနေတဲ့ အကြောင်း ကို မှန်ကန်ကြောင်းအတည်ပြုပေးခဲ့ဖူးပြီး ကောင်မလေး ၃ ယောက်ကိုတော့ တွဲနေတာ မဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။ ဒါကြောင့် လီမင်ဟိုနဲ့ လူသိရှင်ကြား တွဲခဲ့ ဖူးတဲ့ ကောင်မလေး ၂ ယောက်အကြောင်းကို ပြောပေးသွားပါမယ်နော်။

Google
Google

ပထမဦးဆုံး မင်းသမီး တစ်ယောက်ကတော့ Park Min Young ပဲ ဖြစ်ပါတယ်။ 

Google
Google

Park Min Young က လီမင်ဟို တွဲနေကြောင်း ဝန်ခံခဲ့ဖူး တဲ့ ပထမဦးဆုံး ကောင်မလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ City Hunter ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Google
Google

သူတို့နှစ်ဦးက အရမ်းကို ချစ်ဖို့ကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေး ဖြစ်ပေမယ့်လည်း နှစ်ယောက်စလုံးကအလုပ်တွေ မအားတာကြောင့် ချိန်းတွေ့ပြီး ၇ လ မပြည့်ခင်မှာပဲ လမ်းခွဲခဲ့ကြပါတယ်။ 

Google
Google

လီမင်ဟိုနဲ့တွဲခဲ့နဲ့ နောက်ထပ် နာမည်ကြီး မင်းသမီးလေးကတော့ Suzy ပဲဖြစ်ပါတယ်။ 

Google
Google

သူတို့နှစ်ဦးက အရမ်းချစ်ခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပြီး ၃ နှစ်တိတိ လူသိရှင်ကြား တွဲခဲ့ကြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။သူတို့နှစ်ဦး တွဲခဲ့ကြတုန်းက Suzy လေးက ၂၁ နှစ်ပဲရှိပါသေးတယ်။ သူမက လီမင်ဟိုထက် ၇ နှစ်တိတိ ငယ်ပါတယ်။ 

Google
Google

Suzy လေးက အရမ်းချောပြီး မိတ်ကပ် မလိမ်းရင်တောင် ကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့်တောင်ကိုရီးယားရဲ့ “Nation’s First Love” အဖြစ် တင်စားခြင်း ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

သူတို့ နှစ်ဦးဟာလည်း ဘယ်လောက်ချစ်ခဲ့ ချစ်ခဲ့ တွဲပြီး ၃ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ လမ်းခွဲခဲ့ပေမယ့်လည်း Suzy က လီမင်ဟိုအတွက် အမှတ်တရအဖြစ်ဆုံး ကောင်မလေးအဖြစ် ကျန်ရှိနေမယ်ဆိုတာပရိသတ်တွေက ယုံကြည်နေကြတုန်းပဲ ဖြစ်ပါတယ်။

Google
Google

အခုအချိန်ထိ လူပျိုကြီးအဖြစ် ရှိနေတုန်းဖြစ်တဲ့ တောင်ကိုရီးယားမင်းသား လီမင်ဟိုရဲ့ အချစ်ဇာတ်လမ်းလေးကိုတောင်ကိုရီးယား ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T