ရုပ်ချောလွန်းလို့ နိုင်ငံကနေ နင်ထုတ်ခံရတယ်ဆိုပြီး သတင်းများထွက်ပေါ်ခဲ့တဲ့ Al - Gala

//s9.kh1.co/84/84fc8cff76a08ecd93385219fa331a6876f80e14.jpg
အနုပညာရှင်များ

 ၂၀-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ချောလွန်းအားကြီးလို့ နိုင်ငံအတွင်းကနေ နင်ထုတ်ခြင်း ခံရတယ်ဆိုပြီး သတင်းများထွက်ပေါ်ခဲ့တဲ့ အီရတ်မော်ဒယ် Omar Borkan Al - Gala ကို သိကြမယ်လို့ ထင်ပါတယ်။ Omar Borkan Al - Gala ဟာ အရပ်အမောင်း မြင့်မားပြီး တည်ကြည်ခန့်တဲ့ ရုပ်ရည်မျိုးကို ရရှိပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာ ရှိနေသူပဲ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

Omar Borkan Al Gala ၂၀၁၃ ခုနှစ်မှစတင်ပြီး မော်လ်ဒယ်လောကမှာ နာမည်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Omar Borkan Al Gala ဟာ ချောမောလွန်းတာကြောင့် ဆော်ဒီအာရေးဗီးယားမှ နှင်ထုတ်ခြင်းခံရတယ်ဆိုပြီး သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ ကောလာဟလသတင်းသာ ဖြစ်ပါတယ်။ တကယ်တော့ Omar Borkan Al Gala ဟာနိုင်ငံကနေ နင်ထုတ်ခံရတာ မဟုတ်​ဘူး ။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

၂၀၁၅ ခုက သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ရာမှာတော့ Riyadh မြို့မှာပြုလုပ်ခဲ့တဲ့ Jandriyah ယဉ်ကျေးမှုပွဲတော်မှာ သူနဲ့အတူ လက်မှတ်နှင့် ဓာတ်ပုံများရိုက်ယူဖို့အတွက် အမျိုးသမီးအများအပြား တိုးကြိတ်ပြီး စုရုံးခဲ့ကာ အော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် Al Gala ဟာ ပွဲ၌ "မဖွယ်မရာ" အကများ ဖျော်ဖြေခဲ့ပါတယ်။ ဒါကို ဘာသာရေးရဲများက မကြိုက်နှစ်သက်တာကြောင့် Al Gala ကို ပွဲတော်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဲ့ဒီနောက်ပိုင်း Al Gala ရဲ့ ဓာတ်ပုံများကတော့ ဆိုရှယ်မီဒီယာများမှာရော ပျံ့နှံသွားတဲ့အပြင် ရုပ်မြင်သံကြား အစီအစဉ်အမျိုးမျိုးမှာ အင်တာဗျူးဖြေဆိုရန် ဖိတ်ခေါ်ခံရသလို မဂ္ဂဇင်းမျက်နှာဖုံးများမှာလည်း နိုင်ငံတကာ စာနယ်ဇင်းများက ဖော်ပြခြင်းခံခဲ့ရပါတယ်။အချို့မဂ္ဂဇင်းများကတော့ Al Gala ကို ကမ္ဘာပေါ်မှာ အချောဆုံး အမျိုးသားလို့တောင် ဖော်ပြခဲ့ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T