အချိန်အတော်ကြာ ပရိသတ်ဆီကနေ ပျောက်ကွယ်သွားတဲ့ No အဖွဲ့ဝင်တစ်ဦးကို မွေးနေ့ဆုတောင်းလေး လုပ်ပေးခဲ့တဲ့ ညီ နန္ဒ

//s9.kh1.co/da/da6b54bb4fcd51cf6205bcd34c4155f8ea92c785.jpeg
အနုပညာရှင်များ

 ၁၉-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

အချိန်အတော်ကြာ ပရိသတ်ဆီကနေ ပျောက်ကွယ်သွားတဲ့ No အဖွဲ့ဝင်တစ်ဦးကို မွေးနေ့ဆုတောင်းလေး လုပ်ပေးခဲ့တဲ့ ညီ နန္ဒ

ပရိသတ်ကြီးရေ No အဖွဲ့လေးကို သိကြလား။တစ်ခေတ်တစ်ခါက နာမည်ကြီး ခဲ့တဲ့ No အဖွဲ့လေးထဲမှာဆိုရင် ရည်မွန် ၊ သဇင်နဲ့ ၊ ရတနာတို့ သုံးယောက်က အတွဲညီညီ သီဆို ဖျော်ဖြေခဲ့ကြတာပါနော်။ ပရိသတ်အားပေးမှုကို တခဲနက် ရရှိခဲ့သလို သီချင်းကောင်းလေးတွေ များစွာကို သီဆိုခဲ့တဲ့ No အဖွဲ့ကတော့ အခုအချိန်မှာ မရှိတော့ပါဘူး။ 

Google
Google

No အဖွဲ့နဲ့ အတူ သူတို့ရဲ့ အဖွဲ့ဝင်တွေဟာဆိုရင်လည်း ပျောက်ကွယ်လို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ No အဖွဲ့ မရှိတော့ပေမယ့် No အဖွဲ့ကတော့ ပရိသတ်တွေ ရင်ထဲမှာ ပျောက်ကွယ် မသွားဘဲ အခုအချိန်ထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း No အဖွဲ့ ဝင်တွေကို ပြန်လည်တွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Yadanarlin’s FaceBook
Yadanarlin’s FaceBook

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကတော့ No အဖွဲ့ဝင်ထဲကတစ်ယောက် ဖြစ်တဲ့ ရတနာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။

Yadanarlin’s FaceBook
Yadanarlin’s FaceBook

ရတနာရဲ့ မွေးနေ့လေးကို သရုပ်ဆောင် ကိုညီနန္ဒက ဆုတောင်းပေးထားတာကြောင့် No အဖွဲ့ဝင်ရတနာကို ပြန်လည်ပြီး မြင်တွေ့ခဲ့ ရပါတယ်။ 

Yadanarlin’s FaceBook
Yadanarlin’s FaceBook

ရတနာဟာဆိုရင် ဘာမှ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိဘဲ အရင်လိုမျိုး လှဆဲချောဆဲ ပဲ ဖြစ်ပါတယ်နော်။ 

Yadanarlin’s FaceBook
Yadanarlin’s FaceBook

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ No အဖွဲ့လေးထဲက ရတနာရဲ့ မွေးနေ့လေးအကြောင်းကို ဖော်ပြပေးရင်း အခု အကြောင်း အရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T