ကြည်လင်ဝင်းပပြီး တောက်ပတဲ့ မျက်ဝန်း ၊ မိမိုက် ခန့်ညားတဲ့ ခန္ဓာကိုယ် နဲ့ အမျိုးသမီးပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်သွားသူကတော့ မော်ဒယ် မင်းသား စိုင်းဝဏ္ဏအောင် ပဲ ဖြစ်ပါတယ်။


စိုင်းဝဏ္ဏအောင် ဟာ အနုပညာလှုပ်ရှားမှုအဖြစ် မော်ဒယ် အဖြစ်သာမက သရုပ်ဆောင် မင်းသား
အနေနဲ့လည်း အနုပညာလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။


မော်ဒယ်မင်းသား စိုင်းဝဏ္ဏအောင် ဟာ မေလ(၇)ရက်နေ့က ချစ်မြတ်နိုးရသူ ချစ်သူလေးနဲ့အတူ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ လိုက်ဖက်လွန်းတဲ့ ချစ်သူ နှစ်ဦး ရာသက်ပန် အိုအောင် မင်းအောင် ပေါင်းရပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။










